#Local_News
Published_ 6 December 2022
(၃၇)မင်းနတ်အကတွေနဲ့ အပျိုတော်အကဖျော်ဖြေတင်ဆက်မှုတွေကို အမျိုးသားအဆင့်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 6 December 2022
မြန်မာနိုင်ငံအတွင်းသကြားစက်ရုံတွေကနေ ကြံတစ်တန်ကို ကျပ် ၇၀၀၀၀ ကနေ အများဆုံး ကျပ် ၉၀၀၀၀ ဈေးအထိ သတ်မှတ်ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ၃ ဒသမ ၅ ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခလစာကိုရရှိဖိုအတွက် Brand ပေါင်း ၃၈ ခုကိုတင်ပြထာတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်းဝင်းက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 December 2022
၁။ ၃ ဒသမ ၅ ဒေါ်လာနှင့်ညီမျှသည့် လုပ်ခလစာရရှိရန် brand ၃၈ ခုကိုတင်ပြထား
၂။ ကြံတစ်တန် ၉သောင်းကျပ်စျေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိနေ
၃။ ၃၇မင်းနတ်အကများနှင့် အပျိုတော်အကဖျော်ဖြေတင်ဆက်မှုများကို အမျိုးသားအဆင့် အမွေအနှစ်အဖြစ်ထိန်းသိမ်းမည်
၄။ ခေတ်ကုန်ဆုံးသွားသည့်အသံများကို ယူကေမှလူတစ်ဦး မှတ်တမ်းတင်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၅ ရက်အထိ ၈ လတာကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၈ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 December 2022
ဆောင်းတွင်းကာလမှာ အေးတဲ့ဒေသတွေမှာ ညပိုင်းအိမ်ထဲမှာ မီးဖိုထားရာမှ မီးမငြှိမ်းမိဘဲ မီးလောင်ကျွမ်းတာ၊ မီးခိုးငွေ့မွှန်ပြီးအသက်ဆုံးရှုံးတာတွေရှိနေတဲ့အတွက် သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ မြန်မာ နိုင်ငံ မီးသတ်အဖွဲ့ချုပ်မှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Wildlife
Published 5 December 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျောင်ဒေသမှာနေထိုင်ပြီး ကမ္ဘာ့မျိုးသုဉ်းအန္တရာယ်အရှိဆုံး မျောက်မျိုးစိတ်တွေထဲက တစ်မျိုးဖြစ်တဲ့ မျောက်ခေါင်းဖြူအကောင်အရေအတွက်ဟာ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးရဲ့ ကြိုးပမ်းမှုများကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း တိုးပွားလာခဲ့ပါတယ်။
#Yangon_Media_Group
Page 670 of 981