၄ မတ် ၂၀၂၄
မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာမှာ ယင်းအချက်ကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အနှစ်ချုပ်မှာ
၁။နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်
၂။ဒေသခံပြည်သူလူထုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေ
၃။နယ်စပ်ဒေသတည်ငြိမ်ရေး တရားဥပဓေစိုမိုးရေးနှင့် နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု ကုန်သွယ်မှုတို့ နှစ်နိုင်ငံအစိုးရများရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ်
၄။တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနှင့် ဆက်လက် အလေးထားကာကွယ်မည်
၅။နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ဆိုက်ဘာမှုခင်း နှစ်နိုင်ငံအစိုးရပူးပေါင်း ပြတ်ပြတ်သားသားနှိမ်နှင်းသွားမည်
၆။မြန်မာနိုင်ငံ၏ပိုင်နယ်နယ်မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆာင်မှုကိုမှ မြန်မာနိုင်ငံကလက်မခံ
၇။ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်မြောက်အာင် လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံအစိုးရနှင့်သက်ဆိုင် သူအားလုံးကို နစက ကျေးဇူးတင်ကြောင်း ဟူ၍ဖြစ်ပါတယ်။
အသေးစိတ်ကို ဖော်ပြပါရုပ်သံတွင်ကြည့်ရှုနိုင်ကြပါတယ်။
@ymg/knl
#Daily_News
Published_ 4 March 2024
၁။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမည့်သူများ စာမေးပွဲကျရှုံးမည့်သူမရှိ၍ မစိုးရိမ်ကြရန်ပြော
၂။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေညှစ်မှုများရှိပါက ဆက်သွယ်အကူညီတောင်းနိုင်ဟု ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးပြော
၃။ မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
၄။ တရုတ်နှင့်ထိုင်းနိုင်ငံတို့ကြားအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်စတင်အသက်ဝင်ကာ ဧည့်ခရီးသွားအရေအတွက်သိသိသာသာများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှား အစိုးရ အနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့် လာမယ့် မေလ ၃၁ရက်အထိသာ လက်ခံတော့မယ်လို့ ကြေညာလိုက်ပြီး အလုပ်သွားရောက်လုပ်မယ့် လုပ်သားတွေရဲ့ Calling Visa ဗီဇာလျှောက်ထားမှုကိုလည်း ယခုမတ်လ ၃၁မှာ စတင်ပိတ်မှာဖြစ်ပါတယ်။ Calling visa ကျထားတဲ့ သူတွေအနေနဲ့ မေလ ၃၁ရက်အမှီ မလေးရှားသို့ ဝင်ရောက်ရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လက်ခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
#Local_News
Published_ 4 March 2024
#Calling visa #နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား
#YMG/LW #Yangon_Times
တက္ကသိုလ်ဝင်စာမေးပွဲခန်းမှာNon- programmable scientific calculator အမျိုးအစားတွေသုံးနိုင်ပြီး Programmable Calculator ဖြစ်ရင် တော့အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ သိမ်းဆည်းမှာဖြစ်တယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
#Local_News
Published_ 4 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #Calculatorအမျိုးအစား
#tthl #Yangon_Times
၄ မတ် ၂၀၂၄
တောင်ကိုရီးယားနိုင်ငံမှာ ထောင်ပေါင်းများစွာသော ဝါရင့်ဆရာဝန်ကြီးတွေဟာ မြို့တော် ဆိုးလ်မှာ တနင်္ဂနွေနေ့က စုရုံးကြပြီး ဆေးကျောင်းတက်ဖို့ ကျောင်းသားအရေအတွက် တိုးခေါ်မယ့် အစိုးရရဲ့အစီအစဉ်ကို အလုပ်သင်ဆရာဝန်များနည်းတူ သူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး အလုပ်သင်ဆရာဝန်ပေါင်း ၉၀၀၀ကျော်ဟာ လာမယ့် ၂၀၂၅ ပညာသင်နှစ်ကစလို့ ဆေးကျောင်း တက်မယ့်ကျောင်းသားတွေကို လူ၂၀၀၀မှ ၅၀၅၈ဦးအထိ တိုးမြှင့်ခေါ်ယူမယ့်ကိစ္စကြောင့် အလုပ်ခွင်ထဲက ထွက်ခွာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ယခု ဝါရင့်ဆရာဝန်ကြီးတွေက သူတို့လုပ်ရပ်ကိုထောက်ခံကြောင်း ဆိုးလ်မြို့မှာ ထပ်မံဆန္ဒပြကြတာဖြစ် ပါတယ်။
Source CCTV+
မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
'မန်းချောင်းမှာရေကစားလိုရတယ်၊ water park ကတော့ သင်္ကြန်မှာလည်းပျော်လိုရတယ်၊ သင်္ကြန်မတိုင်ခင်လည်းရေကစားလို့ရတယ်၊ ရေလွှာလျှောစီးလေးတွေလုပ်ပေးထားပါတယ်'
#Local_News
Published_ 4 March 2024
#mini water park #မန်းရွှေစက်တော် #မန်းချောင်းအတွင်း
#YMG/NN #Yangon_Times
စစ်မှုထမ်းဥပဒေ ပြဌာန်းထားတဲ့အပေါ် ခြိမ်းခြောက်ငွေညှစ်တာမျိုးတွေရှိပါက ဆက်သွယ်အကူအညီ တောင်းနိုင်တယ်လို့ ပြည်သူ့ပါတီဥက္ကဦးကိုကိုကြီးက ပြောပါတယ်။
#Local_News
Published_ 4 March 2024
#ပြည်သူ့ပါတီဥက္ကဦးကိုကိုကြီး #ပေးပို့တိုင်ကြားနိုင်
#YMG/LW #Yangon_Times
Page 605 of 1338