၁၇ မတ် ၂၀၂၄
ဥရောပကော်မရှင်က ကာကွယ်ရေးအစီအစဉ်တွေအတွက် လက်နက်ခဲယမ်း ထုတ်လုပ်ရေးမြှင့်တင်ဖို့ ရန်ပုံငွေ ယူရို သန်း၅၀၀ အပါအဝင် ယူရိုငွေ ၂ ဘီလျံနီးပါးကို ခွဲဝေသုံးစွဲမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်ရေးအထောက်အကူဥပဒေရဲ့အောက်မှာ သုံးစွဲမယ့် ယူရိုသန်း၅၀၀ ဟာ ၂၀၂၅ခုနှစ်အထိ တစ်နှစ်ကို အမြောက်ဆံပေါင်း နှစ်သန်းထုလုပ်နေမှုကို နှစ်ဆတိုးစေလိမ့်မယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Source CCTV+
မော်တင်စွန်းဘုရားပွဲတော်ကို ကုန်းလမ်းအပြင်ရေလမ်းနဲ့ပါလာနိုင်ပါတယ်၊ ပွဲတော်ကာလမှာဘုရားဖူးလာသူတွေတစ်ရက်ကို ဦးရေပျှမ်းမျှသုံးထောင်ကနေ ငါးထောင်ဝန်းကျင်လောက်ရှိတယ်၊ ဘုရားဖူးပြီးရင် သဘာဝအလှအပတွေနဲ့ပတ်သက်တဲ့ ကျောက်ကလပ်နဲ့ ငွေတောင်ကမ်းခြေမှာအပန်းဖြေသူတွေ ၊ ရေလှိုင်းစီးသူတွေ ၊ ကျောက်ဆောင်တွေ၊ အလှဓာတ်ပုံရိုက်သူတွေနဲ့အပန်းဖြေကြတယ်
#Local_News
Published_ 17 March 2024
#ကျောက်ကလပ်နှင့်ငွေတောင်ကမ်းခြေ #မော်တင်စွန်းဘုရားဖူး
#YMG/NN #Yangon_Times
ဆီးရီးယားတွင်တစ်နေ့ကို လျှပ်စစ်မီး(၄)နာရီသာရရှိကာ ပြည်သူများအခြေခံ လိုအပ်ချက်ပြဿနာများကြုံတွေ့လျက်ရှိ
ဆီးရီးယားနိုင်ငံ ဒေသအများစုမှာ အခုဆိုရင် လျှပ်စစ်မီး တစ်နေ့ကို ၄ နာရီသာရရှိနေပါတယ်။
၁၃ နှစ်ကြာပြီဖြစ်တဲ့ စစ်ဘေးကြောင့် တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၄ ပုံ ၃ ပုံလျော့ကျနေရပြီး ပြည်သူတွေရဲ့ နေ့စဥ်နေထိုင်မှုဘဝတွေကို ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ တရားဝင်အချက်အလက်များအရ သိရပါတယ်။
#World_Crisis
Published_ 16 March 2024
#လျှပ်စစ်မီး(၄)နာရီသာရရှိ #ဆီးရီးယား
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 16 March 2024
၁။ နွေရာသီအားလပ်ရက်၌ နေ့အပူချိန်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်များသတိပြုကာကွယ်ရန်လို
၂။ သရက်ပင်ပိုးမွှားများကျရောက်နေသည့်အတွက် အရည်အသွေးကျဆင်းနိုင်
၃။ နယ်မြေအေးချမ်းမှုမရှိသေးသည့်အတွက် တောင်ငူမြို့အနီး စစ်ဘေးရှောင်လာသူ ဦးရေထပ်တိုးလာဟုဆို
၄။ ဆီးရီးယားတွင် တစ်နေ့ကိုလျှပ်စစ်မီး(၄)နာရီသာရရှိကာ ပြည်သူများအခြေခံ လိုအပ်ချက်ပြဿနာများကြုံတွေ့လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နေ့အပူချိန်တွေကြောင့် အပူရှပ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာ၊ အပူကြောင့်နွမ်းနယ်တာ၊ နှာစေး၊ချောင်းဆိုး၊ ဖျားနာတာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်တာနဲ့မျက်စိကွယ်တာတွေဖြစ်နိုင်လို့ အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်။ မကွေးတိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
#Local_News
Published_ 16 March 2024
#နွေရာသီအားလပ်ရက် #ခရမ်းလွန်ရောင်ခြည်အန္တရာယ်
#tthl #Yangon_Times
'အခုနှစ်ရာသီဥတုကောင်းတော့ သရက်ပင်တွေ ရောဂါမကျဘူး၊ ဆေးမဖြန်းတဲ့အတွက်အစေးပေါက်တဲ့ ပြဿနာတွေ၊ ရောဂါဆိုတာထက် ပိုးကျနေတာပေါ့၊ လှေး၊ ဖြုတ်ကျတာတွေများနေတယ်'
#Local_News
Published_ 16 March 2024
#အရည်အသွေးကျဆင်းနိုင် #သရက်ပင်ပိုးမွှားများကျရောက်
#YMG/NN #Yangon_Times
ဇရပ်ကြီးကအချို့စစ်ဘေးရှောင် ပြည်သူတွေဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးဆုံးရှုံးမှာ စိုးရိမ်တဲ့ အတွက် နေအိမ်တွေကို ပြန်သွားကျပေမယ့် နယ်မြေမအေးချမ်းသေးတာကြောင့် လက်ရှိမှာတော့ တောင်ငူရှိစစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ရောက်ရှိလာသလို ကျောက်ကြီးမုန်းနဲ့ အခြားဒေသတွေက လာရောက်စစ်ရှောင်တဲ့ သူတွေကြောင့် တောင်ငူမြို့နဲ့ မြို့တစ်ဝိုက်စစ်ဘေးရှောင်ပြည်သူထပ်တိုးလာတယ်လို့ တောင်ငူမြို့ရှိ ဒေသခံ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 16 March 2024
#စစ်ဘေးရှောင်ပြည်သူတိုးလာ #စားနပ်ရိက္ခာလိုအပ်မှုတွေရှိ
#YMG/LW #Yangon_Times
Page 594 of 1338