တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန်နဲ့ ကျုံရှန်မြို့များကြား ပင်လယ်ဖြတ်သန်းအဝေးပြေး လမ်းမကြီးစီမံကိန်းဟာ ပြီးစီးရန် ပိုမိုနီးစပ်လာပြီ ဖြစ်ပါတယ်။
၆.၈ ကီလိုမီတာခန့်ရှိတဲ့ ရေအောက်လိုဏ်ခေါင်းပိုက်ကြီးမှာ အင်္ဂါနေ့က နောက်ဆုံးကွန်ကရစ် လောင်းခဲ့ကာ အပြီးသတ်ရန် နီးစပ်လာပြီလို့ ကွမ်တုံပြည်နယ် ဆက်သွယ်ရေးအဖွဲ့ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။
#Asia_Development
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၃၀ နိုဝင်ဘာ ၂၀၂၃
မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း စတင်ဆောင်ရွက်မည့်ကိစ္စနှင့်စစ်ရေယာဉ်များအပြန်အလှန်လေ့လာခြင်း
နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများအား တရုတ်နိုင်ငံသို့ ထပ်မံပြန်လည် လွှဲပြောင်းပေးခြင်းများ
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ
နိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို ကောလာဟလသတင်း မျိုးစုံထုတ်လွှင့်နေမှုများ
၃၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ
နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 29 November 2023
၁။ မြေပဲစိုက်တောင်သူများ အဆင်ပြေစေဖို့ ပွဲခမယူ ပေါက်ဈေးအတိုင်းပေးဝယ်ပြီး ပြန်ရောင်းချပြီးပါက အမြတ်ငွေ၏ ၂၀ရာခိုင်နှုန်း ပြန်ပေးမည်ဟုဆို
၂။ အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီရွှေကြိုမောင်မယ်အဖြစ် ပါဝင်လိုသူများ ဒီဇင်ဘာ ၁ရက်မှ စတင်ပြီး လျှောက်ထားနိုင်ပြီဟုဆို
၃။ မိုးကြက်သွန်နီ ထွက်ရှိချိန် မြင်းခြံကြက်သွန်နီများ ထိုင်းသို့ အနည်းငယ်တင်ပို့နေပြီး ပြည်တွင်းအဓိကသုံးစွဲ
၄။ ကွမ်တုံပြည်နယ် ရှန်ကျန်နှင့် ကျုံရှန်မြို့ကြား ပင်လယ်ဖြတ်သန်း အဝေးပြေးလမ်းမစီမံကိန်းကြီး ပြီးစီးရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၃၀ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ရှေ့သို့တက်လှမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံအားပေးပြီး တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်တဲ့ မည်သည့်လုပ်ဆောင်မှုတွေဖြစ်စေ အသေအချာ ကျရှုံးလိမ့်မယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကဘေဂျင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ပင်က ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်ပတ်သက်လို့ မေးခွန်းများမေးမြန်းမှုအပေါ် ဝမ်ကဖြေကြားခဲ့တာပါ။
“ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေဖြစ်ကြပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံခိုင်မြဲမှုကို အမြဲလေးစားပါတယ်။ မြန်မာနိုင်ငံအနေနှင့် တည်ငြိမ်မှုနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတွေကို ရယူခံစားနိုင်ဖို့ လှိုက်လှိုက်လှဲလှဲဆန္ဒပြုပါတယ်။ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတိုးတက်ဖို့ လည်း ခိုင်မာစွာထောက်ခံအားပေးပါတယ်။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပေါက်ဖော်ချစ်ကြည်ရေးကို ဖဲကြဉ် အောင် ပြီးတော့ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အဟန့်အတားဖြစ်အောင်ဆောင်ရွက်တဲ့ မည်သည့် လုပ်ဆောင်မှုမျိုး မဆို ရေပန်းစားမှာမဟုတ်တဲ့အပြင် အဆုံးမှာ ကျရှုံးသွားမှာပဲဖြစ်တယ်Ó လို့ ဝမ်ကပြောကြားခဲ့ပါတယ်။
Source CCTV_
' မိုးကြက်သွန်နီထွက်ရှိချိန် မြင်းခြံဒေသက ထွက်ရှိတဲ့ ကြက်သွန်နီတွေကို ထိုင်းနိုင်ငံကို အနည်းငယ်သာ တင်ပို့နေပြီး ပြည်တွင်းမှာဘဲ အဓိက သုံးစွဲနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်ကနေ သိရပါတယ်။'
Yangon_Times/NN
#Local_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
‘ရွှေကြိုမောင်မယ်အဖြစ် လျှောက်လိုသူတွေအနေနဲ့ ဒီဇင်ဘာ၁ရက်မှ၁၅ရက်အထိ လျှောက်ထားနိုင်၊ လာမယ့်ဒီဇင်ဘာ၃၁ရက်မှာ အသက်(၁၆)နှစ်ပြည့်ပြီး (၂၅)နှစ်မကျော်လွန်သူ၊ အပျို၊ လူပျိုဖြစ်ရမှာဖြစ်ပြီး အမျိုးသား အရပ်၅ပေ၆မှ ၆ပေ၊ အမျိုးသမီးအရပ်၅ပေ၂မှ၅ပေ၈ရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနဲ့ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်သူတွေဖြစ်ရမှာဖြစ်တယ်’ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
Yangon_Times/tthl
#Local_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
မြေပဲစိုက် တောင်သူတွေ အဆင်ပြေစေဖို့အတွက် မြေပဲအတောင့် ၀ယ်ယူရာမှာ ပွဲခမယူဘဲ ပြင်ပပေါက်ဈေးအတိုင်း ၀ယ်ယူသိုလှောင်ပေးထားပြီး မြေပဲဆံအဖြစ် ပြန်လည်ရောင်းချ ပြီးပါကလည်း အမြတ်ငွေရဲ့ ၂၀ရာခိုင်နှုန်း ကို ပြန်လည်ပေးသွားမှာ ဖြစ်တယ်လို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေး အဖွဲထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Page 575 of 1222