#Daily_News
Published 12 September 2026
၁။ 2026 ASEAN SMOKE - FREE AWARD တတိယဆု မြန်မာနိုင်ငံမှသံဖြူဇရပ်မြို့နယ်ရရှိ
၂။ မြန်မာနိုင်ငံအတွက် ဆေးဝါးနှင့်အာဟာရထောက်ပံ့ရေးပစ္စည်း(၄၆) မက်ထရစ်တန် EU ထောက်ပံ့
၃။ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံလေဆုတ်ခွာသွားဖွယ်ရာရှိ
၄။ စက်တင်ဘာလအတွင်းဂျပန်၌စားသောက်ကုန်အမျိုးအစားပေါင်း(၅)ထောင်နီးပါး ဈေးနှုန်းမြင့်တက်လာနိုင်ဖွယ်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှ မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့နယ်အနေနဲ့ 2026 ASEAN SMOKE - FREE AWARD တတိယဆုကိုရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 12 September 2026
#2026_ASEAN_SMOKE_FREE_AWARD
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်နဲ့ ကာလဝမ်းရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ မက်ထရစ်တန်နဲ့ ယူရို ၇ သိန်းခွဲကို ဥရောပသမဂ္ဂ EU က ထောက်ပံ့ပေးလိုက်ပါတယ်။
#Local_News
Published 12 September 2026
#EU #ဆေးဝါး
#YMG/SW #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေဟာ
စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 12 September 2026
#လေဖိအားနည်းရပ်ဝန်း
#YMG/NN #Yangon_Times
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အောက်ရှိ ထင်ရှားကျော်ကြားတဲ့ သန့်စင်စွမ်းအင်စီမံကိန်းတစ်ခုဖြစ်တဲ့ ဆူကီကီနာရီ ရေအားလျှပ်စစ်စီမံကိန်းဟာ သန့်စင်သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတိုဖြင့် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားစေပါတယ်။
#World_News
Published 11 September 2026
#ပါကစ္စတန် #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်ချက်ရှိနေတဲ့ နေရာတွေမှာမြန်မာနိုင်ငံကြက်ခြေနီအသင်းက သောက်သုံးရေများဆက်လက်ဖြန့်ဝေပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 11 September 2026
#လေးမျက်နှာ #ရေဘေးသင့်ပြည်သူ
#YMG/SW #Yangon_Times
စပါး/ ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ သိုလှောင်ဈေးကစားခြင်းများ မဖြစ်ပေါ်စေရေးကို ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် ကပြောပါတယ်။
#Local_News
Published 11 September 2026
#စပါး_ဆန်
#YMG/NN #Yangon_Times
Page 24 of 1409