Published_ 05 October 2023
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(ပထမအဆင့်) အတွက် စုစည်းလေ့ကျင့်မှု များကို လာမည့် အောက်တိုဘာ (၇) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်း နှင့် နိုင်ငံတကာ ခြေစမ်းပွဲ စဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေတဲ့ ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူ လည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။
2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း) နှင့် အောက်တိုဘာ ၁၇ရက် (အဝေးကွင်း) တို့တွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ygm_mnn
#local_sport
#YMG #Yangon_Media_Group

Published 4 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ အင်ဒိုနီးရှားပိုက်ကျော်ခြင်းအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှသိရသည်။
ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းကို (၂၁-၁၃)၊(၂၄-၂၂)ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကိုရယူနိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲတွင်ဂျပန်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ ခက်ခက်ခဲခဲနိုင်ခဲ့သလို အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ရွှေဆုရရှိခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
မြန်မာပိုက်ကျော်ခြင်းအသင်း ဂျပန်ကိုနိုင်ပြီး ဗိုလ်လုပွဲဖိုင်နယ်တက်
‘ပထမပွဲစဉ်မှာ မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံး အဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်ကို ဆက်လက်ပြီးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်’ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 3 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ ဂျပန်ပိုက်ကျော်ခြင်းအသင်းကို ရမှတ်(၂၁-၁၅)ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားကြောင်း အားကစားရေးရာနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
ဆီမီးဖိုင်နယ်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ မြန်မာအမျိုးသားပိုက်ကျော်အသင်းမှ ဆီမီးဖိုင်နယ်ကိုအနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ဖိုင်နယ်ဗိုလ်လုပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည့် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားအသင်း တို့မှအနိုင်ရရှိသောအသင်းဖြင့်ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
၂၄ စက်တင်ဘာ ၂၀၂၃
တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
Source CCTV+
မြန်မာဝူရှုးအားကစားမယ်တစ်ဦးဖြစ်တဲ့ စန္ဒီဦးဟာ ဝူရှုးအားကစားကို လိုက်စားလာခဲ့တာ ဆယ်စုနှစ် (၂)စုကျော်ကြာခဲ့ပါပြီ။ အခု သူမဟာ ၁၉ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်ဖြစ်ဖို့ မျှော်မှန်းနေပါတယ်။စန္ဒီဦးဟာ ကစားပွဲများစွာ ကစားခဲ့တဲ့ အတွေ့အကြုံရှိတဲ့ အားကစားသမားတစ်ဦးပါ။ သူမဟာ အာရှအားကစားပြိုင်ပွဲရဲ့ ဝူရှုးပြိုင်ပွဲတွေ မှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ကိုယ်စားယူပေးပါလိမ့်မယ်။
Asian Gameတွင် မြန်မာဘင်္ဂလားဒေ့ရှ်ကို နိုင်ခဲ့၊အိမ်ရှင်တရုတ်နှင့် ပြိုင်ရမည်
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပွဲပြီးရလဒ်အဖြစ် မြန်မာမှ(၁)ဂိုး၊ ဘင်္ဂလားဒေ့ရှ်မှ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ၂၁ရက်မှာ အိမ်ရှင်တရုတ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သလို စက်တင်ဘာလ၂၄ရက်မှာ အိန္ဒိယအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်
Yangon_Times/tthl
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 5 of 18