ဖုန်တွေသဲတွေ ပြည့်နေပြီး ရေရှားပါးတဲ့ ဂိုဘီကန္တာရ အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ လူငယ်စုံတွဲဟာ ခေတ်မီရေသွင်းစနစ်ကို အသုံးပြုပြီး အသီးအနှံတွေ စိုက်ပျိုးကာ စီးပွားဖြစ်နေပုံကို ဖော်ပြသွားပါတယ်။
#Asia_Development
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာလီဖိုနီးယားက ဖီလိုလီခြံဝင်းမှာတွေ့ဆုံကြပြီးနောက် ဆန်ဖရန်စစ္စကိုက ကျေးလက်အိမ် ဥယျဉ်ထဲ အတူတကွလမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီနောက် ဘိုင်ဒင်က ရှီကို ကားစီလိုက်ပို့ပေးရင်း စကားစမြည်ပြောကြပါတယ်။
Source CCTV+
15 November 2023
မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်း၍တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင်သဘောထား ထုတ်ဖော်ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က" တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ အခြေအနေပို၍ပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း၊
မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း "ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_ 13 November 2023
တရုတ်နိုင်ငံ၊ ဝူဟန်တက္ကသိုလ် (Wuhan University)၏ နှစ်(၁၃၀)ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့၌ ယင်းတက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အထူးပြုပညာသင်ကြားလျက်ရှိသည့် မြန်မာ၊ တရုတ်နှင့်နိုင်ငံတကာ ကျောင်းသားကျောင်းသူများအား တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ သင်ခန်းစာများသင်ကြား ပို့ချခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ASEAN-China Centre နှင့် ဟူပေးပြည်နယ်အစိုးရ၏ ဖိတ်ကြားမှုအရ နိုဝင်ဘာလ(၁၀)ရက်တွင်ဟူးပေပြည်နယ်၊ဝူဟန်မြို့ရှိ ဝူဟန်တက္ကသိုလ် (Wuhan University)၏နှစ်(၁၃၀) ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့ကိုတက်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သင်ခန်းစာပို့ချရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်သမိုင်းကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး သမိုင်းကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး စတင်ခဲ့ပုံ၊ မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင် ဖြစ်လာပုံနှင့် အာဆီယံ-တရုတ် ဆက်ဆံရေး အစရှိသည့် အကြောင်းအရာများ သင်ကြားပို့ချခဲ့သည်ဟုဆိုသည်။
အဆိုပါအခမ်းအနားသို့ ASEAN-China Centre မှ Secretary General H.E. Mr. Shi Zhong Jun နှင့်အဖွဲ့၊ ဟူးပေပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ ဟူးပေပြည်နယ်ဆိုင်ရာ ပညာရေးဌာန၏ တာဝန်ရှိသူများ၊ ဝူဟန်တက္ကသိုလ်၏ ကျောင်းအုပ်၊ Dean များနှင့် ပါမောက္ခများအပါအဝင် ဝူဟန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်အထူးပြု တရုတ်နှင့် နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ၊ ဟူပေးပြည်နယ်တစ်ဝိုက် ပညာသင်ကြားလျက်ရှိကြသည့် အစိုးရပညာသင် မြန်မာကျောင်းသားကျောင်းသူများ၊ မြန်မာသံရုံးမှ ပညာရေးသံမှူး ဒေါက်တာဝင်းမြတ်အောင်တို့ တက်ရောက်ခဲ့သည်။
မြန်မာသံအမတ်ကြီး၏ ဝူဟန်မြို့ ခရီးစဉ်အတွင်း ဟူပေးပြည်နယ်နှင့် မြန်မာနိုင်ငံအကြား အထူးသဖြင့် ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် မြန်မာကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုများ ပိုမိုရရှိနိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#Local_News #ဝူဟန်တက္ကသိုလ် #နှစ်နိုင်ငံသမိုင်းကြောင်း #tthl #Yangon_Times
#Local_News
Published_ 08 November 2023
တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုအဖြစ် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းများအတွက် ‘လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်’ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုသည် မြန်မာနိုင်ငံ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်တည်ရှိပြီး စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်ကာ အဆိုပါဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးမည်ဖြစ်သည်ဟုဆိုသည်။
တရုတ်ကုမ္ပဏီဖြစ်သည့် POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Myanmar Kyeeonkyeewa Solar Power.Co.,Ltd /Myanmar Kindar Solar Power.Co.,Ltd/ Myanmar Satoketayar Solar Power.Co.,Ltdတို့အကြား ကြီးအုံကြီးဝ(၃၀ မဂ္ဂါဝပ်)၊ ကင်းတား(၃၀မဂ္ဂါဝပ်)နှင့် စေတုတ္ထရာ(၃၀မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။
အခမ်းအနား၌ သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့ အမှာစကား ပြောကြားရာ တွင် သက်ဆိုင်ရာ နေရောင်ခြည်စွမ်းအင်သုံး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုရရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေး၍ မြန်မာပြည်သူများအတွက် ပိုများသည့် အကျိုးစီးပွားများသယ်ဆောင် လာမည့်သဘောထားကို ပြောကြားခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်လည်းတွေ့ဆုံ၍ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည် ဖော်ဆောင်ရေး၊ တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်”ကိုကူညီပေးဖြေရှင်းပေးရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှု အတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
#Local_News #တရုတ်-မြန်မာ #နေရောင်ခြည်သုံးဓာတ်အားပေး #tthl #Yangon_Times
#Local_News
Published_ 8 November 2023
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဦးကိုကိုလှိုင်နှင့် သံအမတ်ကြီး H.E. Mr. Chen Hai တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)ဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အား နိုဝင်ဘာ (၇) ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့စဉ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ymg_mnn #Local_News #မြန်မာ-တရုတ်နှစ်နိုင်ငံ #ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ #Yangon_Media_Group
Published 6 November 2023
မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့တတ်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ပေါင်စန်းဒေသ တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများ တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်ပက်သက်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင် ရေး ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်များ၊အပါအအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 27 of 47