၉ ဒီဇင်ဘာ ၂၀၂၃
မဟာဗျူဟာအမြင်၊နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏လက်ရှိ၊အတိတ်နှင့်နောင်ဖြစ်လာနိုင်သည့် အခြေအနေများ
ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ ပြည်သူလူထုအား အကြောက်တရား ဖြင့် ခြိမ်းခြောက်နေမှုများ
၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်း သူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါ တိုင်များ ဖောက်ခွဲ ဖျက်ဆီးမှုများ
တို့နှင့်ပတ်သက်၍နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၈ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံတွင်ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေတက်ရောက်ခဲ့
ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ
၈-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊တာမိုးညဲနှင့်ရခိုင်ပြည်နယ်နှုံးဘူးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ
နှင့်ပတ်သက်၍
နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
Ymg/knl
၈ ဒီဇင်ဘာ ၂၀၂၃
ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေကို လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အထူးလုပ်ငန်းအဖွဲ့ task force တစ်ခုကို ဖွဲ့စည်းဖို့သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၈ ရက်မှာ သတင်းရေးသားပါတယ်။
အဆိုပါအထူးလုပ်ငန်းအဖွဲ့ထဲမှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေပါ ထည့်သွင်းပါဝင်လာနိုင်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ယခုအစီအစဉ်ဟာ မြန်မာနိုင်ငံနှင့် အာဆီယံအကြား အပြုသဘောစေ့စပ်ဆွေးနွေးမှုကိုလည်း ဦးတည်သွားစေလိမ့်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အောက်တိုဘာမှာ သူပုန်တွေက စတင်ထိုးစစ်ဆင်ကတည်းက လူပေါင်း သုံးသိန်းကျော်နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
“ မြန်မာနိုင်ငံဘက်က ဒီကိစ္စဆွေးနွေးဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို ထိုင်းနိုင်ငံဆီ မကြာမီစေလွှတ်ပါလိမ့်မယ်။ ကနဦး အကောင်အထည်ဖော်မှု အောင်မြင်ခဲ့ရင် အနာဂတ်မှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို ဖိတ်ခေါ်ပါမယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက “ အထူးလုပ်ငန်းအဖွဲ” နှင့်ပတ်သက်ပြီး ပြောဆိုပါတယ်။
ယခုဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘဟီဒါနူကာရာနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
၇ ဒီဇင်ဘာ ၂၀၂၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်း
ကောလာဟလ သတင်းတု၊ သတင်းမှားများ အချိန်ကိုက် လှုံ့ဆော်ဝါဒဖြန့်နေမှုများ
၇-၁၂-၂၀၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား မှုအခြေအနေများ
အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အမျိုးသားရေးရည်မှန်းချက်များအပေါ် ရပ်တည်ဆောင်ရွက်နေမှုများ
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
Ymg/knl
ဒီဇင်ဘာ ၇၊၂၀၂၃
လတ်တလောတွင် တရုတ်-မြန်မာပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှုများတိုက်ဖျက်ရေးနှင့် ပိတ်မိနေသူများအားကယ်ဆယ်ရာတွင် ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့ပြီး ရာဇဝတ်အဖွဲ့အစည်းများကို ထိရောက်စွာ ဟန့်တားလိုက်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို နှစ်ဖက်ပူးပေါင်း၍အမြတ်ပြတ်ချေမှုန်းရမည်ဟုတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ Mr. Wang Yi ကပြောသည်။
Video:CCTV+






၇ ဒီဇင်ဘာ ၂၀၂၃
နစကသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဂုဏ်ထူဆောင်ဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများမှာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) (၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရတံဆိပ် (၅)ဦး၊ ရဲဗလတံဆိပ် (၁၀၃)ဦး၊ စုစုပေါင်း (၁၄၇)ဦးတို့ ဖြစ်ကြပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာတို့ နယ်စပ်ဒေသလုံခြုံရေးအခြေအနေများနှင့်စီမံခန့်ခွဲရေးများကို ဒီဇင်ဘာ ၆ရက်က နယူးဒေလီတွင် ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယ-မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနများရဲ့ အကြိမ်(၂၀)မြောက် ဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာ ၆ ရက်က နယူးဒေလီမှာ ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် အိန္ဒိယနို်ငံခြားရေးအတွင်းဝန် ဗီနေးကွာထရာတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
နှစ်နိုင်ငံသည် လုံခြုံရေးအခြေအနေနှင့် နယ်စပ်စီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍစုံကို သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေမှုများကိုထောက်ခံကြောင်း ထပ် လောင်းပြောကြားခဲ့တယ်လို့ အိန္ဒိယမီဒီယာများက သတင်းရေးသားပါတယ်။ ယင်းအပြင် မြန်မာပြည်သူများ၏ အကျိုးစီးပွား အတွက် နှစ်နိုင်ငံဆက်သွယ်သည့် စီမံကိန်း များ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်က စီမံကိန်းများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ခံအားပေးတယ်လို့လည်း အိန္ဒိယနိုင်ငံက ဆက်လက်အတည်ပြုပြောဆိုခဲ့ ကြောင်းသိရှိရပါတယ်။
-ymg/knl
Page 125 of 274