#LocalNews
Published_ 21 March 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် လိုသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)နှင့် ရခိုင်အမျိုးသားပါတီ(ANP) တိုသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့မတ်လ ၂၀ရက်နေ့တွင်လာျလျှာက်ထားကြောင်းညအဆိုပါရွေးကောက်ပွဲရှင်မကထုတ်ပြန်ထားသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီ ရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၆ ပါတီဖြစ်၍ စုစုပေါင်း ၃၂ ပါတီ အထိရှိလာပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ယင်း ၃၂ ပါတီ တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၈ ပါတီနှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၄ ပါတီ ဖြစ်ပြီး၊ အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှသိရသည်။
ymg/ynzw
#Yangon_Media_group
#LocalNews
Published_ 21 March 2023
ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၂၆x၇၇ လမ်းထောင့်ရှိ ကျုံးရေပြင်အတွင်းသို့ အမျိုးသား ၁ ဦး ကျူံရေထဲသို့ခုန်ချမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်ကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသင်းသားများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာခဲ့ကြောင်း သိရသည်။
နံနက် ၆ နာရီခွဲတွင် ကျုံးရေပြင်အတွင်းခုန်ချသွားသူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် စေတနာမေတ္တာဂရုဏာအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"ရှာဖွေချိန် နာရီဝက်ကျော်လောက်မှာ သူခုန်ချတယ်လို့ပြောတဲ့နေရာနဲ့သိပ်မကွာတဲ့နေရာမှာတွေ့ခဲ့တာပါ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံကြီးရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ymg/ppk
#မန္တလေးကျုံး
#ခုန်ချသေဆုံး
#Yangon-Media-Group
Published 20 March 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းကိုဆောင်ရွက်နိုင်တဲ့အတွက် လုပ်ငန်းရှင်များ တစ်ဦးချင်းအနေဖြင့်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၀ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်တွေကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
“ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဆောင်ရွက်နိုင်သည့် နေရာအများအပြား ရှိပါတယ်။နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါတယ်။ရေအားလျှပ်စစ်စီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးသည့်အတွက် အဆိုပါ ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ နိုင်ရန်လိုပါ တယ်”လို့ လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။ ကလေးဝ၊ ကျောက်မီးသွေး ထုတ်လုပ်ခြင်းမှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများကိုလည်းဆောင်ရွက်၍ရတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့အတွက် အဆိုပါ ဝါးများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်တဲ့အတွက် စက္ကူစက်ရုံများတည်ဆောက်လိုပါကလည်း နိုင်ငံတော်အနေဖြင့် ခွင်ပြုပေးမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
အဲဒီအပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသတွင်ရာဘာထွက်ရှိပြီး ရာဘာကိုအခြေခံသည့် မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီးတာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်တဲ့အတွက် ရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို တိုက်တွန်းပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေတဲ့အတွက် မိမိတို့သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်တိုက်တွန်းလိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
အခမ်းအနားသို့ တက်ရောက်လာကြတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ရှင်တွေက စက်သုံးဆီလိုအပ်ချက်များအပေါ်ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်စေလိုမှု၊ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့် ရွှေဘိုပေါ်ဆန်းကို ရေရှည်တည်တံ့ ခိုင်မြဲစေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးစေလိုမှု၊ လေကြောင်းခရီးစဉ်များကို ယခုထက် ပိုမိုပြေးဆွဲဆောင်ရွက်ပေးစေလိုမှု၊စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ခေတ်မီစက်ကိရိယာများ တင်သွင်းရာတွင် ပိုမိုလျှင်မြန်မှု ရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုပိုမို လျှင်မြန်ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုမှု၊ စစ်ကိုင်းမြို့ရေလုံလောက်စွာရရှိရေးအတွက် ဆိုလာစနစ်သုံး ရေပေးဝေရေးစနစ် ဖော်ဆောင်ပေးစေလိုမှု၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး အသုံးပြုလျက်ရှိသည့် စစ်ကိုင်းတောင်ရိုးလမ်းနှင့် ကမ်းနားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ မြို့တွင်း၌ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ မြို့ရှောင်လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ရိုးရာငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး-စစ်ကိုင်း-အင်းတော်-ကသာ မီးရထားလမ်း ပြေးဆွဲဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား လိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီးသက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌဟာ ခင်းကျင်းပြသထားတဲ့ သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။
-ymg/knl
#နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#စစ်ကိုင်းSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
#YangonMediaGroup
#LocalNews
Published_ 20 March 2023
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ယာဉ်ကြောတွေပိတ်နေတဲ့အတွက် လူနာတင်ယာဉ်တွေပိတ်မိနေသလို ဆီကားတွေအဝင်နောက်ကျလို့ မုတ္တမနဲ့မော်လမြိုင်မှာ ဒီဇယ်ဝယ်ယူဖို့ခက်ခဲနေတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဌ ကိုဘိုဘိုဝင်းထံမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published-20 March 2023
အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက် မှု ကော်မတီ (၂၄)ကြိမ်
မြောက်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးရုံး၌ကျင်းပခဲ့ရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ပူးတွဲ ဥက္ကဌအဖြစ် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ အာဆီယံဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် H.E. Mrs. Hou Yanqi နှင့်အတူ ပူးတွဲ၍ အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီးအာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့ တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ တာဝန်ရှိသူက လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းမတ်လ ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။
ယင်းအစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များမှ ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များ၊ Initiative for ASEAN Integration (IAI) Work Plan IV အောက်တွင် ဖြစ်ပေါ်တိုးတက် မှုများနှင့် တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ASEAN Smart Cities Network နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက် မှုများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြခဲ့ကြောင်းလည်းသိရသည်။
ဆက်လက်၍ အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် ၎င်း၏ နောက်ဆက်တွဲ အစီအစဉ်နှင့် ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့် ဖြစ်ပေါ်တိုးတက် မှုများ၊ (၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် အထူးထိပ်သီးအစည်းအဝေးတို့၏ ရလဒ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-တရုတ် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 20 March 2023
ဂျပန်ဖိတ်ခေါ် ယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုကို (၄)ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊အိုကီနာဝါမြို့တွင် မတ်လ ၂၀ ရက်က မြန်မာ ယူ - ၁၇အမျိုး သမီးလက်ရွေးစင်အသင်းနှင့် လာအို ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးများအဖြစ် ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် မနက်ဖြန် မတ်လ ၂၁ ရက်တွင် အဆင့်(၅) နေရာအတွက် ဂျပန်ကလပ် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
အာဆီယံဒေသတွင်းနိုင်ငံများတွင်တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၏ အမည်များကိုအများပြည်သူသိရှိစေရန် အသိပေးကြေငြာသည့်စာရင်းများကို ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အနေ ဖြင့်၂၀၂၃ခုနှစ်ဖေဖော်ဝါရီ(၈)ရက်တွင်စစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ရှိသည့်အတွက် အများပြည်သူသိအောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု စားသုံးသူဦးစီးဌာန၌ဖော်ပြထားသည်၊၊
ယင်းအလှကုန်ပစ္စည်းအများစုသည် မလေးရှား၊အင်ဒိုနီးရှား၊ထိုင်း၊ဘရူနိုင်း၊စင်ကာပူစသည့်နိုင်ငံများတွင်တွေ့ရသောအလှကုန်များဖြစ်ပြီး မာကျူရီအပါအဝင် ဘေးမကင်းသည့်အရာများပါဝင်သောကြောင့် သုံးစွဲရန်မသင့်ကြောင်းမြန်မာFDAမှထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1018 of 1840