#LocalNews
Published - 5 May 2022
သင်္ကြန်ပြီးကာလမှစလို့ ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်နည်းပါးလာခဲ့တယ်လို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_5 May 2022
လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ကိုဗစ်အကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ရတဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ကျိုင်းလပ်မြို့ လာအို- မြန်မာချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ခွင့် ရမယ်ဆိုရင်လည်း လတ်တလောမှာ ကုန်ပို့တဲ့ယာဉ်တွေကိုပဲ နေ့ချင်းပြန်သွားခွင့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local News
Published-5 May 2022
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားစာကြည့်တိုက်အတွင်းရှိ ကလေးစာကြည့်တိုက်မှာ ကလေးငယ်တွေအတွက် အပတ်စဥ်စနေနေ့တိုင်း ပုံပြောအစီအစဥ်နှင့် ဆေးရောင်ခြယ်ခြင်းအစီအစဥ်တွေဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
#LocalNews
Published - 5 May 2022
သီတဂူဆရာတော် ကျောက်တလုံးကြီးမြို့သို့ကြွရောက်ခဲ့စဥ် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ခေါင်း ဆောင်နှင့် တာဝန်ရှိသူများက ကြိုဆိုဖူးမျှော်ခဲ့ကြတယ်လို့ သိရပါတယ်။
သီတဂူဆရာတော်သည် မေလ ၄ ရက် နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့သို့ကြွရောက်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ငြိမ်းချမ်းရေးအဖွဲ့ အသွင်ပြောင်း ဌာနေပြည်သူ့စစ်အဖွဲ့ နာယက ဦးအောင်ခမ်းထီရဲ့ နေအိမ်သို့လည်း ကြွရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သီတဂူဆရာတော်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်တို့သည် ရန်ကုန်တွင် သိကျွမ်းဝင်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့လည်း အတူတကွ သွားရောက်ဖူးမျှော်ခဲ့ဖူးကြောင်း သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သီတဂူဆရာတော်၏ ကျောက်တလုံးကြီးမြို့ ခရီးစဥ်ပုံရိပ်များကိုလည်း ယခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ဓါတ်ပုံ - သီတဂူ စတား
ymg/kg
#Yangon_Media_Group
#DailyNews
Published -5 May 2022
၁။ လာအို-မြန်မာချစ်ကြည်ရေးတံတားပြန်ဖွင့်လျှင် ပို့ကုန်ယာဉ်များ နေ့ချင်းပြန် သွားခွင့်ရနိုင်မည်။
၂။ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးငယ်များအတွက် အပတ်စဥ်စနေနေ့တိုင်း ပုံပြောအစီအစဥ်နှင့် ဆေးရောင်ခြယ်ခြင်းများ ဆောင်ရွက်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကုန်ကျစရိတ်သက်သာ၍ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် လျှပ်စစ်သုံးဘီးယာဉ်များ ဆူဒန်တွင်တွင်ကျယ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 May 2022
ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်လိုက်ပါတယ်။
ဖြစ်စဥ်မှာ မေလ ၃ ရက်နေ့၊ မွန်းလွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၅၈ A လမ်းနှင့် ၁၁၀ A လမ်းထောင့်ရှိ အိမ်အမှတ် ဖ-၂/၅၈(က)အား သတင်းအရ ၀င်ရောက်ရှာဖွေရာ ယင်းကဲ့သို့ သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ရှာဖွေစဥ် နေအိမ်ခြံ၀င်းအတွင်း CANTER အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ရဲ၀င်းနိုင်(ခ)ကိုရဲ၊ ကျော်ရဲထွန်းနှင့် ဒေါ်သက်သက်၀င်းတို့အားတွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၄.၃၇ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၆ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ရဲ၀င်းနိုင်(ခ)ကိုရဲ(၃၂)နှစ်၊ ကျော်ရဲထွန်း(၃၀)နှစ်နှင့် ဒေါ်သက်သက်၀င်း (၄၅)နှစ်တို့အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေ ာဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - CCDAC MYANMAR
ymg/kg
#Yangon_Media_Group
Page 2149 of 2314