#Local_News
Published _ 2 July 2022
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေရောင်းဝယ်ခြင်း အခွန်စည်းကြပ်မှု အမြင့်ဆုံးနေရာအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျောက် သတ်မှတ်ထားကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။
မြေရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရမည့်နှုန်းထားများအား စတုရန်းပေများနှင့် သတ်မှတ်ထားရှိပြီး ယင်းသတ်မှတ်နယ်မြေများ၌ အရောင်းအဝယ်ပြုလုပ်သည့်အခါ ၁ စတုရန်းပေကို ငွေကျပ် ၃သိန်းခွဲ သတ်မှတ်ထားကြောင်း ယင်းမှသိရသည်။
ယင်းစည်းကြပ်မှုနှုန်းထားကို ၂၀၂၁-၂၀၂၂ မီနီဘတ်ချက်ကာလာတွင်း ၆လအတွင်းသတ်မှတ်ထားပြီး ယခင်က ၁ စတုရန်းပေ ကို ငွေကျပ် ၃သိန်းသတ်မှတ်ထားကာ ယခုတွင် ငွေကျပ် ၃သိန်းခွဲအဖြစ် သတ်မှတ်ကာ လ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 2 July 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါတွင်းတရားပွဲများကို ဝါဆိုလပြည့်နေ့ဇူလိုင် (၁၂)ရက်မှစတင်ပြီး အပတ်စဥ်ဥပုသ်နေ့တိုင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ဝါတွင်းဥပုသ်နေ့များတွင် တရားပွဲများကျင်းပပြုလုပ်လေ့ရှိပြီး ကိုဗစ်ဖြစ်ပွားမှုများကြောင့် ယာယီရပ်နားခဲ့ရခြင်းမျိုး ရှိခဲ့ကာ
ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်၊၊
ဝါတွင်းကာလ ဝါဆိုလပြည့်နေ့ဇူလိုင်(၁၂)ရက်မှ သီတင်းကျွတ်လပြည့်နေ့အောက်တိုဘာလ(၉)ရက်အထိအပတ်စဥ် ဥပုသ်နေ့တိုင်းတရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဗိုလ်တထောင်စေတီတော်တွင် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း နံနက်(၁၀)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များက သီလပေးမည်ဖြစ်ပြီးနေ့လည်(၁၂)နာရီခွဲတွင် သြဝါဒစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏာဂါရိက ဆရာတော်ကြီးများ၊ ဓမ္မကထိကဆရာတော်ကြီးများက တရားတော်ဟောကြားသွားမည်ဖြစ်ကာ ညနေ(၃)နာရီတွင် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့မှ တရားတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော် ဘဏာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Published 1 July 2022
တက္ကသိုလ်ပညာရပ်များကို ဆည်းပူးသင်ယူနိုင်မည့် Naypyitaw State Academy (NSA)ကို နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျှက်ရှိရာ ၂၀၂၄ခုနှစ်ဧပြီလတွင် ပြီးစီးမယ်လို့ သိရှိရပါတယ်။
အဲဒီNSA လို့ အမည်ပေးထားတဲ့ နေပြည်တော်တက္ကသိုလ်တွင် ရွေးချယ်ထားသည့် ဝိဇ္ဇာ/သိပ္ပံဘာသာရပ်တွေ၊စီးပွားရေး၊ ဥပဒေ၊လူမှုရေး၊အားကစားနှင့် ဆေးပညာဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ Naypyitaw State Academy တည်ဆောက်နေရာသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇူလိုင်(၁)ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
“ယခုစီမံကိန်းနှင့်ပတ်သက်လို့ အခေါ်အဝေါ်သတ်မှတ်တာတွေနှင့် ဌာနဖွဲ့စည်းတာတွေကို သတ်မှတ်ရာမှာ အခြားနိုင်ငံကြီးတွေမှာ အသုံးပြုတဲ့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေနှင့် လုပ်နည်းစနစ်တွေကို လေ့လာပြီး စနစ်တကျသတ်မှတ်ဆောင်ရွက်ကြဖို့လိုပါတယ်” လို့ နစကဥက္ကဋ္ဌက လုပ်ငန်းခွင်ကိုစစ်ဆေးစဉ် မှာကြားခဲ့ပါတယ်။
“ ယခုပညာသင်နှစ်ကစပြီး တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားတွေကို လက်ခံသင်ကြားပေးဖို့၊အဲဒီကမှ ပထမနှစ် နှင့်ဒုတိယနှစ်တွေကို ဆင့်ကဲဆင့်ကဲ ဆက်လက်ခေါ်ယူသင်ကြားပေးဖို့၊လောလာဆယ်ဖယ်ရီကြိုပို့တွေ စီစဉ်ဖို့ နှင့် နောင်မှာ အဆောင်တွေမှာ နေထိုင်ပြီးစာသင်ယူနိုင်အောင်ဆောင်ရွက်ဖို့” စတာတွေကိုလည်း သူက ပြောပါတယ်။
ဖွင့်လှစ်မည့် Naypyitaw State Academy မှာ နေပြည်တော် ဝန်ထမ်းမိသားစု သားသမီးတွေနှင့် မြို့နယ်(၈)မြို့နယ်မှ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။
ယခင်အားကစား တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သည့် နေရာကို အခြေခံပြီး ယခုစီမံကိန်းကို ၂၀၂၂ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် တက္ကသိုလ် အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦတွေ ဖြည့်တင်းတည်ဆောက်နေတာလို့ သတင်းမှာဖော်ပြထားပါတယ်။
Ymg/knl



Published 1 July 2022
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီးသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ (၅)နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကျောင်းလီကျင်းက ယနေ့ ဇူလိုင်(၁) ရက်နေ့က ကြေညာတဲ့အကြောင်း CGTN ကသတင်းထုတ်ပြန်ပါတယ်။
မစ္စတာဝမ်းယီးဟာ မြန်မာနိုင်ငံ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ထိုင်းနှင့် မလေးရှားနိုင်ငံတွေကို ဇူလိုင် ၃ရက်မှ ၁၄ရက်အထိ သွားရောက်မှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဝမ်းဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၇ကြိမ်မြောက် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ပြီး အဲဒီကမှ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖိတ်ကြားချက်အရ G20 ကွန်ဖရင့်ကို ဆက်လက်တက်ရောက်မယ်လို့ သိရပါတယ်။
Source CGTN
Published_1 July 2022
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အချက်လေးချက် တောင်းဆိုလိုက်ကြသည်။
ယနေ့ ဇူလိုင်လ တစ်ရက်တွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံစဉ် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းအချက်များမှာ ညှိနှိုင်း အဖြေရှာနိုင်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ကူညီပေးရန်၊သက်ဆိုင်သူ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊
အားလုံးလက်ခံနိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို သက်ဆိုင်သူများအားလုံး ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ လက်ခံရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊လက်ရှိနိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများ ဖြစ်သော ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် အာဆီယံအနေဖြင့် NCA အသိသက်သေ နိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တို့ ဖြစ်ကြသည်။
အထူးကိုယ်စားလှယ်ကလည်း အပစ်အခတ်ရပ်စဲရေး၊လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးနှင့် အမှန်တကယ်ဒုက္ခရောက်နေသူများထံ အကူအညီများရောက်ရှိရေး၊နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု NCA-S EAO များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
EAO များအနေဖြင့်လည်း NCA အနှစ်သာရ ၃ ချက် ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံခြင်းနည်းဖြင့် ဖြေရှင်းရေး၊ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများအား အကာအကွယ်ပေးရေးတို့ကို အလေးထား တင်ပြခဲ့ကြပြီး လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အလေးထားဖော်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
ymg/mt
Yangon_Media_Group

#Local_News
Published - 1 July 2022
တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်း မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကြီးတာ၊ မိုးသက်လေပြင်းတွေကျရောက်တာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 1 July 2022
ပြည်တွင်း၊ ပြည်ပ ကြွေးမြီလက်ကျန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက် ဆောက်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ (၁၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့အစိုးရအနေနဲ့တော့ ချေးငွေတွေနဲ့ ပတ်သက်ပြီး နှစ်စဉ် အတိုး၊ အရင်း ဒေါ်လာသန်း ၇၀၀ လောက် ပေးဆပ်နေရပါတယ်’’ဟု ၄င်းကပြောသည်။
ပြည်တွင်း၊ ပြည်ပ ချေးငွေရယူမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်တွင်းချေးငွေ ကျပ်ဘီလီယံ ၁၆၀၀၀ ကျော်နှင့် ပြည်ပချေးငွေပေါင်း ကျပ်ဘီလီယံ ၅၀၀၀ ကျော်အထိ ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမီလက်ကျန်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာလျက်ရှိကြောင်း တွေ့ရှိရတယ်လို့ ဆက်လက်ပြောကြားခဲ့သည်။
ယင်းသို့ ပိုမိုလာရခြင်းသည် နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ်မှာ လိုငွေတွေ တိုးတက်ဖြစ်လာတာကြောင့်ဖြစ်ပြီး နှစ်အလိုက် ရငွေ၊ သုံးငွေ၊ လိုငွေ၊ ပိုငွေတွေကလည်း နှစ်စဉ်လိုငွေဖြစ်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လိုငွေအများဆုံးဖြစ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
‘‘လိုငွေတွေကို အစိုးရငွေတိုက်လက်မှတ်တွေ၊ အစိုးရငွေတိုက်စာချုပ်တွေ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်က ငွေချေးယူခြင်းတိုနဲ့ ဆက်လက်ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်’’ဟု ၄င်းကပြောသည်။
ယင်းအပြင် စီးပွားရေးအခြေအနေဖြင့် GDP တိုးတက်မှုနှုန်းမှာလည်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိုးတက်ခဲ့ သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1977 of 2271