#Local_News
Published _ 15 September 2022
မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များထဲမှ ကြိုတင်လက်မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှ ဝယ်ယူရရှိမှာဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး မှသိရသည်။
ကြိုတင်ရထားလက်မှတ်တွေကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းက ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံမှာ နေ့စဉ် မနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ရောင်းချပေးနေပြီး ထိုခရီးစဉ်များထဲမှ ကြိုတင်လက် မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှသာ ဝယ်ယူနိုင်မည်ဟု ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က YMG ကို ပြောကြားခဲ့သည်။
"ကြိုတင်ရထား လက်မှတ်ဝယ်ယူရင် အရင်ကလို မှတ်ပုံတင်မူရင်း ပြသပြီး ဝယ်ယူရမှာဖြစ်ပြီး ရပ်ကွက် ထောက်ခံစာ အိမ်ထောင်စုစာရင်းတွေနဲ့ ဝယ်ယူခွင့်ပြုမှာ မဟုတ်တော့ပါဘူး၊ ဒီဟာစနေတာကြာပါပြီ လူသိနည်းနေသေးတာပါ" ဟု ရုံပိုင်ချုပ်ကြီးက ဆိုသည်။
လက်ရှိမှာ ကြိုတင်လက်မှတ်တွေကို အမြန်ရထားခရီးစဉ်အားလုံးအတွက် ဝယ်ယူနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့ပတ်ရထား (၇) စင်းနှင့် နယ်ဝေး အမြန်ရထားတွေကို ပုံမှန်ပြေးဆွဲပေးနေပြီး နေ့စဉ်ခရီးသည်ထောင်ချီ စီးနင်းနေလျှက်ရှိကြောင်းလည်း ယင်းမှသိရသည်။
#ymg /NN
#Yangon_Media_Group
#Local_News
Published - 15 Setember 2022
ခရီးသည်တင် Express ကား ၂ စီးနှင့် ကန်တာဒိုင်နာယာဉ် ၁ စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ပေးသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်၊ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျား ၁၀ ဦး၊ မ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"ပုဂံမင်းသား Express ကရှေ့ကယာဉ်ကိုကျော်တက်လိုက်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကလာတဲ့ သန်မြန်သူယာဉ်လိုင်းနဲ့ တိုက်မိတာပေါ့။ ကားပေါ်ပါလူတွေအကုန်လုံး ထိခိုက်ဒဏ်ရာရကြတယ်။ ဆေးရုံတတ်တယ့်လူနာက ၂၅ ယောက်ရှိပါတယ်။ ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံကိုပဲ ပို့ထားတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း၊ လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _14 September 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာရှိတဲ့ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရားရဲ့ အရှေ့ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်က အုတ်ချပ်တွေကွာကျခဲ့တာကြောင့် ဒါကို ရှေးမူအတိုင်းပြန်ပြီး ပြုပြင်ဖို့ စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 September 2022
မြန်မာနိုင်ငံက အသက်ကြီးတဲ့သူတွေမှာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အစာအိမ်ဟောင်းနှင့် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာတွေအဖြစ်အများဆုံးတွေ့နေရတယ်လို့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဥက္ကဌ၊ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 September 2022
ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-14 Setember 2022
ငရုပ်အစို ဝယ်ယူမှုများနေတာကြောင့် ငရုပ်ဈေးနှုန်းတွေဟာ ကျဆင်းလာခြင်းမရှိပဲ စံချိန်တင်မြင့်တက်လာခဲ့တယ်လို ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 September 2022
၁။ ငရုပ်အစိုဈေးနှုန်း စံချိန်တင်မြင့်တက်လာ
၂။ ရွှေဈေးနှုန်း ပြန်လည်ကျဆင်း
၃။ အသက်ကြီးသူများတွင် ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ အဖြစ်အများဆုံးတွေ့နေ
၄။ IS စစ်သွေးကြွများ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် အီရတ်ရှေးဟောင်းအပျက်အစီးနေရာအား ခရီးသွားဧည့်သည်များအတွက်ဖွင့်လှစ်လိုက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1660 of 2122