#LocalNews

Published - 15 Dec 2021

 

မြန်မာနိုင်ငံက ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အကူအညီလိုအပ်နေသူတွေကို ဂျာမနီနိုင်ငံကနေ UNOCHA ရဲ့လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေအတွက် ယူရို ၂ သန်းကို ၂၀၂၁ ခုနှစ်အတွက် ထပ်တိုးထောက်ပံ့ထားတယ်လို့ ဂျာမနီသံရုံး (ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။

 

ယခုနှစ် ၂၀၂၁ ခုနှစ်မှာပင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားမှာဖြစ်တဲ့အတွက် ဆင်းရဲမွေတေတဲ့ လူဦးရေဟာလည်း နှစ်ဆတိုးသွားနိုင်ကြောင်း တွက်ချက်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုပါတယ်။

 

ဒါ့ကြောင့် ၂၀၂၂ ခုနှစ်မှာ လူဦးရေ ၁၄ သန်းခန့် အကူအညီအထောက်အပံ့ လိုအပ်လာမယ်လို့ ကုလသမ္မဂက ခန့်မှန်းထားတဲ့အတွက် ဂျာမနီနိုင်ငံအနေနဲ့ အထိအခိုက်အလွယ်ဆုံး ပြည်သူတွေကို ထောက်ပံ့မှုပေးတာလို့ သိရပါတယ်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို ရှုပ်ထွေးတဲ့ အရေးပေါ်အခြေအနေတွေနဲ့ အလုံးစုံပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေကတစ်ဆင့် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာပံ့ပိုးပေးနိုင်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေ၊ UN အဖွဲ့အစည်းတွေရဲ့ အထူးဦးစားပေးစီမံကိန်းတွေအတွက် ထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

#Yangon_Media_Group