Published 5 Sept 2022

အော်ရီဒူးမြန်မာကို စင်္ကပူမှာ ရုံးချုပ်ထားရှိတဲ့ နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ အဲဒီအစီအစဉ်နှင့် တိုက်ရိုက်ပတ်သက်တဲ့ လူပုဂ္ဂိုလ်(၃)ဦးကို ကိုးကားပြီး ရိုက်တာက ရေးသားလိုက်ပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေနှင့် နည်းပညာကို လုပ်ဆောင်တဲ့ အဲဒီ TOMV ကုမ္ပဏီကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက ပိုင်ဆိုတာဖြစ်ပြီး သူဟာ စင်္ကာပူ တယ်လီကွမ်း ကုမ္ပဏီ ကမ်ပါနာ အုပ်စု Campana Group ကိုလည်း ဦးဆောင်နေသူဖြစ်တယ်လို့ ရိုက်တာကဆိုပါတယ်။

ဒိုဟာအခြေစိုက် အော်ရီဒူးဟာ ဦးမျိုးမြင့်အုန်းကို လုပ်ငန်းရောင်းချဖို့ ရည်ရွယ်ထားတာကို မြန်မာနိုင်ငံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ  အကြောင်းကြားထားပြီးဖြစ်ပေမယ့် ခွင့်ပြုဖို တရားဝင်တောင်းဆိုထားတာတော့ မရှိဘူးလို့ အရင်းအမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။

ဒီလိုရောင်းချရာမှာ အာဏာပိုင်ရဲ့ ခွင့်ပြုချက်အပေါ်မူတည်နေပါတယ်လို့ လည်း ဒီကိစ္စရင်းနှီးတဲ့သူတစ်ဦးက ပြောပါတယ်။

ရောင်းချမယ့် ဈေးနှုန်းကိုတော့ အဲဒီသူကပြောဆိုဖို့ငြင်းဆိုပါတယ်။

အိုရီဒူးကလည်း ဘာမှတုန့်ပြန်ချက်မပေးပါဘူး။

TOMV ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အလန်ဆင်ဖီးလ်ကလည်း သူ့အနေနှင့် မှတ်ချက်ပေးနိုင်တဲ့ရာထူးမရှိဘူးလို့ ရိုက်တာကို ဖြေကြားပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးမိုးကျော်စိုးကလည်း ဒီကိစ္စသူမသိဘူးလို့ ရိုက်တာကို ပြောပါတယ်။

Source.Reuters

#Ooredoo_Myanmar

#The_One_Matrix_Vent

#Myo_Myint_Ohn