#Local_News
Published_ 6 September 2022

 

အိန္ဒိယနိုင်ငံ နယူးဒေလီ၌ကျင်းပသည့် Connecting East: Confluence of IPOI and AOIP Visions အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

ညီလာခံကို Working session (၈) ခုဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အာရှဒေသမှ Think Tank များ၊ တက္ကသိုလ်များနှင့် ဘာသာရပ်ပိုင်း သုတေသနနှင့် လေ့လာရေးစင်တာများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မူဝါဒရေးရာလေ့လာသူ သုတေသီများနှင့် အစိုးရတာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

 

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နယူးဒေလီမြို့တွင် ၁-၉-၂၀၂၂ ရက်မှ ၃-၉-၂၀၂၂ ရက်အတွင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် Association of Asian Scholars တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “Connecting East: Confluence of IPOI and AOIP Visions” အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

 

(၃) ရက်ကြာ ကျင်းပသည့် အဆိုပါ ညီလာခံတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။

 

#ygm_mnn
#Yangon_Media_Group