#LocalSport

Published - 17 Dec 2021

SEA Games ပြိုင်ပွဲ အတွက် မြန်မာအားကစားသမားများ တရုတ်နိုင်ငံတွင်  လေ့ကျင့်မှုများပြုလုပ်နေပြီး SEA Games မကျင်းပခင်အထိ တရုတ်နိုင်ငံကလေ့ကျင့်မှု တွေကို ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

လာမည့် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် SEA Games ပြိုင်ပွဲတွင်မြန်မာအားကစားသမား တွေအနေနဲ့ ဝူရှုး၊ ပြေးခုန်ပစ်၊ ကနူးလှေလှော်ခြင်း၊ အလေးမ၊ လက်ဝှေ့၊ ဘော်လီဘော အစရှိသည့် အားကစားအမျိုးအစားတွေကို ဝင် ရောက်ယှဥ်ပြိုင်သွားဖို့ ရှိ နေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ၌ ကာလတိုသင်ကြားပေးရန် တရုတ်နည်းပြစေလွှတ်ပေးခြင်း၊ မြန်မာအားကစားသမားများတရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန်ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံအတွက် လေ့ကျင့်ရေးပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနေကြောင်း တရုတ်သံရုံးက ဆိုပါတယ်။

ထိုအတူ အနာဂတ်တွင် တရုတ်နိုင်ငံက အားကစားတိုးတက်မှုအတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် တစ်ဆင့်တိုး မျှဝေလိုပြီး နှစ်နိုင်ငံအားကစားယန္တရားဆိုင်ရာ
ကူးလူးဖလှယ်မှုကိုမြှင့်တင်၍ လူငယ်အားကစားအပြန်အလှန်ဖလှယ်ခြင်းစသည့်လှုပ်ရှားမှုများကိုဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

လက်ရှိကာလမှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ အားကစားကူးလူးဖလှယ်မှုများအရ အများပြည်သူကျန်းမာသန်စွမ်းရန်နှင့် ကျန်းမာရေးအဆင့်အတန်းကိုမြှင့်တင်ပေးပြီး အထူးသဖြင့် မြန်မာနိုင်ငံကအရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)နှင့်
မသန်စွမ်းအားကစားပြိုင်ပွဲများတွင်ပါဝင်ရန် အတွက် တတ်စွမ်းနိုင်သည့်ကူညီမှုများထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့ကြောင်း တရုတ်သံရုံးက ဆိုပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံအ နေနဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အစိုးရများအကြား Exchange of Notes ကိုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ အားကစားနည်းပညာထောက်ပံ့မှု စီမံကိန်းစတင်ဖော်ဆောင်ရန် အတည်ပြုထားခဲ့တယ် လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုမှာဖော်ပြခဲ့ပါတယ်။

#YangonMediaGroup