#Local_News
Published _ 8 June 2022

 

ရန်ကုန်မြို့ရှိ Mercury Online Shopping Mall ၏ ဖြည့်ဆည်းရေးစင်တာတာဝန်ခံဖြစ်သည့် တာမွေမြို့နယ်နေ ကိုအာကာမိုးကိုကို (၂၃)နှစ်သည် ယမန်နေ့ ဇူလိုင်လ ၆ ရက်ညပိုင်းက ရုံးကားဖြင့် နေအိမ်သို့ပြန်လာစဉ် ပစ္စည်းများ လုယက်ခံရ၍ သတ်ဖြတ်ခံခဲ့ရကြောင်း Mercury shopping Page တွင်ထုတ်ပြန်ထားသည်။

 

ကိုအာကာမိုးကိုကိုသည် နေအိမ်သိုရုံးကား Suzuki Pickup ဖြင့် အိမ်ပြန်လာစဉ် အမည်၊ နေရပ်လိပ်စာ၊ အသက်(စုံစမ်းဆဲ)တို့မှ ကားတံခါးအားဖွင့်၍ တက်လာပြီးနောက် ပါလာသည့်ပစ္စည်းများအား လုယက်စဉ် အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက်ကာသတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

 

ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းနှင့် ရုံးကားအား လှိုင်သာယာမြို့နယ်ရှိ လမ်းဘေး၌ စွန့်ပစ်ထားခဲ့ကာ ပြန်လည်တွေ့ရှိချိန်၌ ကားပေါ်တွင် အဝတ်စုတ်၊ ကွမ်းတံတွေးများ ကျန်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ဖြည့်ဆည်းရေးစင်တာ တာဝန်ခံသည် ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်းမရှိကြောင်း Mercury မှထုတ်ပြန်ခဲ့သည်။

လုယက်မှုကျူးလွန်သူများသည် ကိုအာကာမိုးကိုကို၏ iPhone 12 ၊ ASUS M4 13 DA Laptop နှင့် ငွေကျပ် ၄ သိန်းတို့အား ယူဆောင်သွားခဲ့ကြောင်း ယင်းမှသိရသည်။

 

သေဆုံးသူ ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ဇူလိုင်လ ၉ ရက်တွင် ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group