#MyanmarNews

Published 8 July 2022

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှနေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ( ၁၂)ဦး ကို ဝမ်လုံးကိုဗစ်(စင်တာ)တွင် Quarantine ထားရှိရာ ကျန်းမာရေးကောင်းမွန်လာသဖြင့် မိမိတို့နေထိုင်ရာ ဒေသသို့ ယနေ့နံနက် ၉ နာရီအချိန်က ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

 

ဇွန်လ (၂၈)ရက်နေ့က ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား အမျိုးသမီးစုစုပေါင်း(၁၈၃)ဦးကို မြန်မာတာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဝမ်လုံးကိုဗစ်(စင်တာ)၌ Quarantine ထားရှိကာ ဒုတိယအကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ခဲ့ရာ၌ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)စုစုပေါင်း(၁၂)ဦးတို့တွင်
ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆက်လက်၍ Quarantine ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း၊ ရောဂါပိုးကင်းစင်သူများကို ဇူလိုင် ၂ ရက်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။

 

ယခုအချိန်၌ ပိုးတွေ့လူနာ(၁၂)ဦးတို့သည် ကျန်းမားရေးကောင်းမွန်လာပြီဖြစ်သဖြင့် လူနာစောင့်(၅)ဦး၊ စုစုပေါင်း(၁၇)ဦးတို့အား ကျန်းမာရေးအထောက် အထား စာရွက်စာတမ်းများထုတ်ပေးပြီး မိမိတို့နေရပ်အသီးသီးဖြစ်ကြသည့်တာချီလိတ်၊ ရန်ကုန်၊ မြစ်ကြီးနား၊ မန္တလေး၊ ဟဲဟိုးမြို့များသို့ ပြန်လည်ထွက်ခွာသွားခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ymg/ys-tcl
#Yangon_Media_Group