#Local_News
Published - 8 July 2022

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းလုပ်သား (၃ဝဝဝ) ကျော် အလုပ်အကိုင်အခွင့်အလမ်းရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခုကို ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂ဝ၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှခွင့် ပြုထားသည့် လုပ်ငန်းများသည် စက်မှုကဏ္ဍမှဖြစ်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခုဖြစ်ကြောင်း အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၇၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်မည့် မတည်ငွေ ရင်းပမာဏ ဒေါ်လာငါးသန်း (သို့မဟုတ်) ငွေကျပ်သန်း ၆ဝဝဝ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်လွှာများအား စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group