#Local_Health
Published_ 5 May 2022

 

မြန်မာနိုင်ငံထုတ် Myanmcopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိလျက်ရှိကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မေလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ခုတင် (၅၀) ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုခဲ့ပါတယ်။

 

စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဧပြီ ၂၉ ရက်တွင် (၆) သိန်း doses နှင့် ၃၀ ရက်တွင် (၄) သိန်း doses၊ စုစုပေါင်း (၁) သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နိုတိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

 

ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group