#Lacal_News

Published_ 5 May 2022

 

ရန်ကုန်မြို့ရှိ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများသို မေလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေကြောင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စီး ၀င်ရောက်ဆိုက်ကပ်၍ ကုန်တင်ကုန်ချ ပြုလုပ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ကုန်သွယ်မှုလုပ်ငန်းများတွင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပိုမိုဆောင်ရွက်လာတာကြောင့် ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများ အဆင်ပြေစွာ ဆိုက်ကပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

၂၀၂၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးသင်္ဘောတစ်လလျှင် အစီးရေ ၅၀ ကျော် ဆိုက်ကပ်ရန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

မေလအတွင်း ရန်ကုန်ရှိဆိပ်ကမ်းများသို့ LAND AND SEA သင်္ဘောလိုင်းမှ ၂စီး၊ R.C.L LINE သင်္ဘောလိုင်းမှ ၃စီး၊ P.I.L LINE သင်္ဘောလိုင်းမှ ၃စီး၊ M.F.S.L သင်္ဘောလိုင်းမှ ၃စီး၊ GOLD STAR LINE သင်္ဘောလိုင်းမှ ၃စီး၊ EVER GREEN LINE သင်္ဘောလိုင်းမှ ၃စီး၊ C.S.L LINE သင်္ဘောလိုင်းမှ ၃စီး၊ IAL LINE သင်္ဘောလိုင်းမှ ၄စီး၊ SAMUDERA သင်္ဘောလိုင်းမှ ၅စီး၊ GOLDEN SEA(COSCO) သင်္ဘောလိုင်းမှ ၅စီး၊ SITIC LINE သင်္ဘောလိုင်းမှ ၇စီးနှင့် SEALAND MAERSK ASIA သင်္ဘောလိုင်းမှ ၁၃စီး၊ စုစုပေါင်း သင်္ဘောလိုင်း ၁၂လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၄ စီး ၀င်ရောက်ဆိုက်ကပ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group