#LocalNews
Published_5 May 2022

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်စခေါင် ချွန်ဘုရီ ပကျွတ်စီရီခမ် ဖစ်ဘုရီသို့ သွားရောက် အလုပ်လုပ်ရန် ရောက်လာကြသည့် တရားမဝင် မြန်မာနိုင်ငံသား ၉၈ ဦးကို မေလ ၄ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ဗန်းထုံခေတ်ရွာ ကော့လတ်ခရိုင် ပကျွတ်စီရီခမ်ပြည်နယ်အတွင်း တရားမဝင်လာရောက်သော မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး တို့ကို သက်ဆိုင်ရာ ထိုင်းပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖမ်းမိသူများအနေဖြင့် လူတစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် နှစ်သောင်းမှ နှစ်သောင်းခွဲကြားပေးရကြောင်း၊ ယင်းတို့မှာ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမွန်ပြည်နယ်မော်လမြိုင်မြို့နယ်အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တို့မှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။

 

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိသူများအား ကိုယ်အပူများတိုင်းတာခဲ့ရာ တစ်ဦးတစ်ယောက်မျှဖျားနာခြင်း မရှိကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများအား ဥပေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group