#LocalNews
Published_10 May 2022

 

မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ KBZ ဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ်လည်းဖြစ် ကမ္ဘောဇဘဏ်အုပ်စု အမှုဆောင်ဒါရိုက်တာလည်းဖြစ်သော ဒေါ်နန်းလိုင်ခမ်း အဖမ်းခံရသည်ဆိုခြင်းမှာမဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။

 

"အဲဒီသတင်းက မဟုတ်ဘူး။အခု ပြည်တွင်းမှာတောင် မရှိဘူး။ပြည်ပမှာပါတဲ့၊အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူးဗျ"ဟု ယင်းက ပြောသည်။

 

လူမှုကွန်ရက်သတင်းများတွင် ဒေါ်နန်းလိုင်ခမ်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၉ ရက်က ခေါ်ယူစစ်ဆေးခဲ့ကြောင်းရေးသားမှုများရှိခဲ့သည်။

 

လေဆိပ်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ယင်းသို့ခေါ်ယူမေးမြန်းသည်ဆိုခြင်းမှာ ပြည်ပခရီးသွားရောက်ရန် လေဆိပ်သို့လာရောက်စဉ် အချက်အလက်အချို့ကျန်နေခြင်း၊လေယာဉ်လက်မှတ်ကိစ္စအကြောင်းအရာများကြောင့်သာဖြစ်ကြောင်း ပြောသည်။

 

ymg/mt
#Yangon_Media_Group