#LocalNews
Published -10 May 2022

 

မုန်တိုင်းအာဆင်နီအရှိန်ကြောင့်ဒေသအချို့မှာ မိုးသည်းထန်ကာလေပြင်းတိုက်တဲ့အတွက် ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ သစ်ပင်တွေလဲကျကာ လမ်းပိတ်ဆို့တာ၊ နေအိမ်တွေအပေါ် သစ်ပင်တွေလဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊၊

 

မေလ(၁၀)ရက် နံနက်ပိုင်းမှာပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၄)မှာ မိုးသည်းထန်စွာသွန်းပြီး သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်၊၊

 

မေလ(၉)ရက်နေ့မှာလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပါတယ်၊၊

 

မေလ(၉)ရက်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သောတပန်ရပ်ကွက်၊ တောင်ရိုးလမ်း(သီတဂူလမ်း)၊ မြစင်္ကြာကျောင်းတိုက်ဝန်းအတွင်းရှိ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်၊၊

 

သစ်ပင်တွေလဲကျနေတာတွေကို သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

 

ယခုကာလဟာ မုတ်သုန်အဝင်ကာလဖြစ်သလို ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အာစင်နီကြောင့် မြန်မာနိုင်ငံရဲ့အချို့ဒေသတွေမှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပြီးလတ်တလောမှာလည်း မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group