#Local_News
Published_ 1 March 2023

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၆ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။

 

စေလွှတ်ခဲ့သည့် လုပ်သားများမှာ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ကုန်ထုတ်လုပ်သားသစ် ၁၈ ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ် ၁၀၇ ဦးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာလုပ်သားများမှာ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ ဖေဖော်ဝါရီလ တစ်လတာအတွင်း ကိုးရီးယား သမ္မတ နိုင်ငံသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၅၁၁ဦးကို စေလွှတ်နိုင်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံး၏ စာရင်းတွင်ဖော်ပြထားသည်။

 

#ymg/mt #Local_News #EPS #Worker #ကိုရီးယားနိုင်ငံ
#YMG #Yangon-Media-Group