#LocalNews

Published -1 March 2023

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ် လှိုင်နယ်မြေအတွင်းရှိ ဘဲကုန်းဈေးအနောက်ဘက် တွင် ယနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် လူနေအိမ် ၄-လုံးမီးထဲပါသွားပြီး  ကလေးငယ်၁-ဦးနှင့် အဖိုးအို ၁-ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

"မီးက ဘာကြောင့်လောင်တာဆိုတာ မသိရသေးဘူး၊၂ နာရီ ခွဲလောက်က ဖြစ်တာ။လေဖြတ်နေတဲ့ အဖိုးတစ်ယောက် နဲ့ ၄ နှစ်ခွဲ လောက် ရှိတဲ့ ယောင်္ကျားလေးတစ်ယောက် မီးထဲပါသွားတယ်၊အခု မော်လမြိုင်ဆေးရုံကိုပို့လိုက်တယ်"ဟု ပရဟိတ အဖွဲ့တစ်ခု ဖြစ်သော ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူများနှင့်ဒေသခံလူမှုကူညီရေးအသင်းများသွားရောက် ကူညီငြိမ်းသတ်ခဲ့ကြကြောင်းသိရသည်။

#ymg/mt

#Yangon-Media-Group