#Local_News
Published_ 1 March 2023

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင် ပန်းချီကား ၉၆ ကား ထားရှိမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည်။

 

မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက်တစ်လုံးတွင် လေးချပ်စီ)ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်း၌ ထည့်သွင်းထားရှိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ယင်းကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များက ပန်းချီကားများ ရေးဆွဲလျက်ရှိရာ ယခုအခါ ပထမအကြိမ်ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲပြီးပြီ ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့ တွင် ရေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #မာရဝိဇယ #ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #ဂန္ဓကုဋိတိုက် #ပန်းချီ #Myanmar Arts Center #YMG
#Yangon_Media_Group