#Local_News
Published_ 18 July 2023


ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာစဉ် (၇)ခုကို အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားထံက သိရသည်။

 

အဆင့်မြှင်တင်သွားမည့် ဘူတာစဉ် (၇)ခုမှာ အောင်ဆန်းဘူတာ၊ ကမာရွတ်ဘူတာ၊ အုတ်ကျင်းဘူတာ ၊ ဖော့ကန်ဘူတာ၊ သမိုင်းဘူတာ၊ တာမွေဘူတာနှင့် ကျောက်ရေတွင်း ဘူတာတို့ကိုဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘူတာများအပါအဝင် ရန်ကုန်-မန္တလေးလမ်းပိုင်း မြစ်ငယ်တံတားတည်ဆောက်ခြင်းနှင့် ဆပ်စပ်လုပ်ငန်း များဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များကို မြန်မာကျပ်ငွေဖြင့်ဆောင်ရွက်ရန် မြန်မာ့မီးရထားက အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

 

ထို့အတွက် ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအနေဖြင့် တင်ဒါပုံစံများကို ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ယခုလ ဇူလိုင် (၁၇ )မှ စတင်၍ ဝယ်ယူ နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးထားသည်။

 

ရန်ကုန်မြို့ပတ်ရထားစီးနင်းသူ ခရီးသွားဉီးရေသည် တစ်ရက်လျှင်(၇၀၀၀၀) ရှိပြီး နေ့စဉ် အစုန်အဆန် (၂၆)ခေါက် နှုန်းဖြင့် ပေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

 

#Ymg/my #Local_News #ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာ(၇) ခု
#Yangon_Times