#Local_News

Published_ 18 July 2023


မဲခေါင်မြစ်အတွင်းရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆမ်ဖူးကျေးရွာနှင့် နမ့်ဖုန်းကျေးရွာကြား၊ မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် ကျိုင်းလပ်မြို့၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ မဲခေါင်လမ်းနေ ဦးနန်အွန် ပိုင်ဆိုင်သည့် အလျား ၁၇၁ ပေခန့်၊ အနံ ၁၄ ပေခန့်၊ ရေစူး ၅ ပေခန့်ရှိ စက်လှေပေါ်မှ တရားမဝင်တင်သွင်းလာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ အဆိုပါအမှုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#Local_News #ထိန်းချုပ်ဓာတုပစ္စည်းကဖင်း၅ဒသမ၃တန်ဖမ်းဆီးရမိ
Yangon_Times/BM