#Local_News
Published_ 14 February 2023

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့အနီး အင်အားရစ်တာစကေး (၃.၇) အဆင့်ရှိသည့်မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

ဖေဖော်ဝါရီလ (၁၄) ရက်မနက်ပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းခတ်မြို့၏ တောင်-အရှေ့‌တောင်ဘက် (၁၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၀) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်၊၊

 

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်တွင်းမှာ ငလျင်ငယ်များလှုပ်ခတ်နေပြီး ဖေဖော်ဝါရီ(၁၁)ရက်က နေပြည်တော်အနီးတွင် အင်အားရစ်တာစကေး (၃.၅)အဆင့်ရှိငလျင်ငယ်နှင့် ဖေဖော်ဝါရီ(၁၃)ရက်က ကလေးဝမြို့အနီး အင်အားရစ်တာစကေး(၄.၁) အဆင့်ရှိ ငလျင်ငယ်တစ်ခုလှုပ်ရှားသွားကြောင်းနှင့် မြေငလျင်ငယ်များအပြင် မြေငလျင်ကြီးများတစ်ကျော့ပြန်လှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group