#LocalNews
Published_ 14 February 2023

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအိမ်ကို သေနတ်သမားများဝင်ပစ်၍ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၂ နာရီအချိန်က ပုလောမြို့နယ်၊ ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာနေ ကျောက်လုံးကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၆၂)နှစ် (ဘ)ဦးလှမောင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နစက ဆန့်ကျင်သေနတ်သမား အင်အား ၂၅ ဦးခန့်က နေအိမ်ရှေ့သို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အိမ်အတွင်း ဝင်ရောက်လာကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့၍ ဦးမြင့်အောင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

ယင်းနောက် နံနက် ၇ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်က ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင်များဖြစ်ကြသည့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့ကို ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း နစက သတင်းထုန်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/mt

#Yangon_Media_Group