#LocalNews
Published_ 14 February 2023

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်တွင် ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန် နစက ဆန့်ကျင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးနှင့် ဘူတာရုံအတွင်းရှိ ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ညောင်လေးပင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒဏ်ရာ ရရှိသူများအား ပဲခူးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt

#Yangon_Media_Group