#LocalNews
Published _ 28 June 2022

 

လမ်းပေါ်နေကလေးများအား စက်ချုပ်ပညာအခမဲ့သင်ကြားပေးနေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရသည်။

 

နေပြည်တော်၌ လမ်းပေါ်နေကလေး (၄၀)ဦး၊ ရန်ကုန်၌ (၁၀၀)ဦးနှင့် မန္တလေးမြို့၌ (၆၀)ဦး စုစုပေါင်း လမ်းပေါ်နေက လေး (၂၀၀)ဦး ရွေးချယ်၍ ၎င်းတို့ဝါသနာပါသည့်အတိုင်း သင်ကြားလိုသည့်ပညာရပ်များကို ချိတ်ဆက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မန္တလေး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စက်ချုပ်ပညာ အခြေခံသင်တန်းအတွက် ကလေး(၂)ဦး၊ အဆင့်မြင့် သင်တန်းအတွက် ကလေး(၃)ဦး စုစုပေါင်း ကလေး(၅)ဦးအား ကျောင်းမှဖွင့်လှစ်သည့် ပုံမှန်သင်တန်းများအတိုင်း တနင်္လာနေ့မှ သောကြာနေ့အထိ World Vision နှင့် ပူးပေါင်း၍ စီစဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ယခုတွင် စီမံချက်ပါ ကလေးများအား အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်ကြားပေးခြင်းကို ဇွန်လ (၁၃)ရက်မှ စတင်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၂)ရက်တွင် သင်တန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ အခြေခံပြီးသူများအနေဖြင့်လည်း အဆင့်မြင့်သင်တန်းကို ဆက်တက်လိုပါက ဇူလိုင်လ (၂၅) ရက်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများ ဖြစ်လာပြီး မိမိတို့ကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ ပုံမှန်သင်တန်းများအဖြစ် ကျောင်းအခြေပြုတွင် သင်တန်းအမျိုးအစား(၁၃)မျိုးကို ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ကြောင်း ယင်းမှ သိရသည်။

 

ymg/NN
#Yangon_Media_Group