#LocalNews
Published - 28 June 2022

 

စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ကျော်မှရှိနေရာမှ ယခုအခါ ဈေးပြန်လည်ကျဆင်းလာကြောင်း စားအုန်းဆီအရောင်းဆိုင်များက သိရသည်။

 

"ဈေးကတော့ ကျလာပြီ။ ၇၈၀၀ ဝန်းကျင်လောက်ထိပဲရှိတော့တယ်။ ထပ်ကျဖို့ရှိတယ်"ဟု စားအုန်းဆီအရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

 

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့်ဈေးနှုန်းများ အပေါ်အခြေခံ၍ ဇွန်လ ၂၀ ရက်မှ ၃၀ ရက် အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။

 

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

 

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ပေးထားသည်။

 

ymg/sth
#Yangon_Media_Group