#LocalNews
Published - 27 June 2022

 

ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ လတ်တလောတွင်စျေးနှုန်း တည်ငြိမ်နေကြောင်းစက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။

 

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၁၈၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၂၇၅ ကျပ် ၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၀ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၆၅၅ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီဈေးနှုန်းမှာလည်း အထက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှု မရှိခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိနေသည့်အပြင် အဝေးပြေးယာဥ်လိုင်းအချို့တွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group