#LocalNews
Published _ 27 June 2022

 

ယခုလ ၂၈ရက်တွင် ကျရောက်မည့် ၉၄ ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ ဝါဆိုခြင်းလုံးခတ်ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းအသင်းပေါင်း (၂၀၄)သင်း ပါဝင်ကစားသွားမည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူများထံမှ သိရသည်။

 

နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း မတိမ်ကော၊ မပပျောက်အောင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို လာမည့် ဇူလိုင်လ ၁၃ ရက်အထိ ၁၆ရက်အကြာ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်ကို ခြင်း အသင်းပေါင်း (၂၀)ခန့် ပါဝင် ကစားပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခင်နှစ်များတွင် အဆိုပါပွဲတော်ကို ခြင်းအသင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ၂လကြာ ကျင်းပခဲ့ကြပြီး ပြည်ပနိုင်ငံများမှ ခြင်းလုံးဝါသနာရှင်များလည်း နှစ်စဥ်လာရောက် ကစားခြင်းများရှိခဲ့ကာ ပြည်တွင်းမှ ခြင်းခတ်ပညာရှင်များကလည်း ပြည်ပသို့သွားရောက်ပြီး နိုင်ငံခြားသားများအား ခြင်းခတ်ပညာကို ပြန်လည်မျှဝေမှုတွေရှိခဲ့ကြောင်း ယင်းမှသိရသည်။

 

ymg/NN
#Yangon_Media_Group