#Local_News
Published - 21 June 2022

 

ရွှေဘုန်းပွင့်စေတီတော်ကြီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဝါဆိုလပြည့်နေ့ဓမ္မစကြာအခါတော်နေ့ဇူလိုင်(၁၂)ရက်နေ့၌(၆၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

ကိုဗစ်ဖြစ်ပွားမှုများကြောင့် နှစ်နှစ်တိုင်တိုင်မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှပြန်လည်ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်၊၊

 

"ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးပြီး ကျင်းပတာဖြစ်ပါတယ်၊၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကိုဗစ်တွေဖြစ်နေလို့ နှစ်နှစ်တိုင်တိုင် မကျင်းပခဲ့ရဘူး အခုနှစ်မှပြန်ကျင်းပဖြစ်တာပါ၊၊ ကျွန်တော်တို့က သင်္ကန်းတစ်စုံကို ကျပ် ၅၀၀၀ နှုန်းနဲ့ အလှူခံပါတယ်၊၊ တကယ့်တကယ်ဝယ်မှာတော့ ကျပ် ၄၀၀၀၀ တန် သင်္ကန်းတွေကို ဝယ်ယူလှူဒါန်းပေးသွားမှာဖြစ်ပါတယ်"လို့ ဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊

 

ဟိုယခင်နှစ်များက ပုဇွန်တောင်မြို့နယ်တစ်မြို့နယ်လုံးက ဆရာတော်၊ သံဃာတော်များကို ဝါဆိုသင်္ကန်း ကပ်လှူနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ ရွှေဘုန်းပွင့်စေတီအနီးရှိ ကျောင်း(၆)ကျောင်းမှဆရာတော်၊ သံဃာတော်များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group