#Local_News
Published _ 21 June 2022

 

နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာအချို့၌ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS) ကို ဆောင်ရွက်အသုံးပြုမှု နည်းပါးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

"ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS) ဆိုတာကတော့ ဧည့်သည်တည်းခိုမှုစာရင်းကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ဖို့နဲ့ မလိုအပ်တဲ့စာရွက်စာတမ်းတွေ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီမှာရှိတဲ့ ဟိုတယ် (၈၆) လုံးက ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS)ကို အသုံးပြုဖို့ မှတ်ပုံတင်ထားပြီးဖြစ်ပေမယ့် အမှန်တကယ်အသုံးပြုမှု နည်းပါးနေပါတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေ လုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ဖို့အတွက် လုံခြုံရေးစစ်ဆေးတဲ့ ကိရိယာတွေကို စနစ်တကျပြန်လည်တပ်ဆင်ဖို့ လိုအပ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ယခုလို ပြောသည်။

 

ဇွန်လ ၁၉ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ယင်းကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နေပြည်တော်ကောင်စီ နယ်မြေထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်နေသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၉၈) လုံးရှိပြီး လက်ရှိတွင် (၇၅)လုံး ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group