#Local_News
Published_ 12 June 2022

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇွန် ၈ ရက် နံနက် ၁၁ နာရီခွဲတွင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ မောင်တော-ကျီးကန်းပြင်ကားလမ်း၊ ဟာဘီကျေးရွာအနီးတွင် စိုးအောင်သိန်း စီးနင်းမောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်တွင် ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး၊ ၀င်းချေ နှင့် အောင်နီလာ တို့အား လက်ကိုင်ဖုန်း ၃ လုံး နှင့် လည်းကောင်း၊ မွန်လွဲ ၂ နာရီက ဝေသာလီကျေးရွာတွင် စိန်လှထွန်း၊ အောင်ချမ်းအေး နှင့် အောင်မျိုး၀င်း တို့အား မော်တော်ဆိုင်ကယ် ၂ စီး၊ လက် ကိုင်ဖုန်း ၃ လုံးတို့နှင့်လည်းကောင်း၊ မွန်လွဲ ၃နာရီခွဲအချိန်တွင် ခရေမြိုင်ကျေးရွာရှိ သန်း၀င်း၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ခိုင်မျိုးလင်းနှင့်အတူ နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉၃၀ ပြား (ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉၈.၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း၊ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မြို့မအနာက်ရပ်ကွက်တွင် ဇော်မီအား လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ထို့ကြောင့် စိုးအောင်သိန်း(၃၂)နှစ်၊ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး(၄၅)နှစ်၊ ၀င်းချေ(၃၆)နှစ်၊ အောင်နီလာ (၅၄)နှစ်၊ စိန်လှထွန်း(၄၂)နှစ်၊ အာင်ချမ်းအေး(၃၈)နှစ်၊ အောင်မျိုး၀င်း(၃၁)နှစ်၊ ခိုင်မျိုးလင်း(၂၂)နှစ်၊ ဇော်မီ (၆၀)နှစ် နှင့် သန်းဝင်းတို့အား ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါတယ်။

 

ymg_mnn
#Yangon_Media_Group