#Local_News
Published_ 12 June 2022

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာစီမံကိန်းမှ လူနေတိုက်ခန်းများ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရပါတယ်။

 

အဆိုပါစီမံကိန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဇွန် ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ရတနာနှင်းဆီအိမ်ရာမှာ အခန်းအကျယ် ၆၀၀ နဲ့ ၁၂၀၀ စတုရန်းပေကျယ်ဝန်းပြီး တစ်စတုရန်းပေ အနည်းဆုံးကျပ် ၁ သိန်းနှုန်းမှ စပြီးရောင်းချပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

 

ဝယ်ယူလိုပါက ရတနာနှင်းဆီ အိမ်ရာအရောင်းခန်းမနှင့် ဗိုလ်တထောင်မြို့နယ်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါတယ်။

 

ymg_mnn
#Yangon_Media_Group