#LocalNews
Published_11 May 2022

 

ရန်ကုန့်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှုမှ)မှ အများပြည်သူနှင့် ပတ်သက်သော လုပ်ငန်းများကို မေလ ၁၂ ရက်တွင် လုပ်ဆောင်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ ခုတွင် လျှပ်စစ်ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။

 

စည်ပင်လုပ်ငန်းများမှာ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသို့ ဓာတ်အားပေးထားသော 33 kV ဓာတ်အားလိုင်းနှင့် ထိစပ်နေသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ 33kV လှိုင်သာယာအနောက်စုပေါင်းရုံး အရန်ဓာတ်အားပေးရန်ဆောင်ရွက်ခြင်း ၊ 33kV လှိုင်သာယာ-ကွမ်းခြံကုန်းဓာတ်အားလိုင်းတွင် AutoRecloser တပ်ဆင်ခြင်းတို့ဖြစ်ပြီး ယင်းလုပ်ငန်းများကို မနက်ဖြန် မေလ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှည်းကူး ၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ကွမ်းခြံကုန်းမြို့နယ်များ၏နေရာအချို့တိုတွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group