#LocalNews
Published_11 May 2022

 

ဆိပ်ကမ်းအလှည့်ကျချိန်ကို ဝန်ဆောင်မှုကာလ သုံးရက်သတ်မှတ်ထားသောကြောင့် ကုန်တင်သင်္ဘောဝင်ရောက်မှု တိုးတက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ကြေညာလိုက်သည်။

 

ယခု မေလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၅၄ စင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ၊ စင်ကာပူအခြေစိုက် Sealand Maersk Asia အနေဖြင့် ကုန်ပစ္စည်းများကို သင်္ဘော၁၂ စင်းဖြင့်သယ်ဆောင်လာမည် ဖြစ်ပြီး SITC မှ ၇ စင်း ၊ COSCO မှ ၅ စင်း ၊ I.A.L မှ ၄ စင်း ၊ C.S.L ၊ Ever Green ၊ Gold Star ၊ MFSL ၊ P.I.L ၊ R.C.L တိုမှ ၃ စင်းစီ ၊ Land and Sea သင်္ဘောလိုင်းမှ၂ စင်းတို့ ဖြစ်ကြောင်း သိရသည်။

 

သင်္ဘောလိုင်းများအနေဖြင့် ပို့ကုန်နှင့်သွင်းကုန်များ အဆင်ပြေစေရန် ယင်းတို့၏ ဝန်ဆောင်မှုများကို တိုးမြှင့်လာခဲ့သောကြောင့် ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ကုန်တင်သင်္ဘောဝင်ရောက်မှု နှစ်ဆခန့်မြင့်တက်လာကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group