Published 1 May 2022

ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် မေ(၁)ရက်မွန်းလွဲပိုင်းမှာ  မိုးတွေဆက်လက်ရွာသွန်းခဲ့ပါတယ်။ မေ(၁)ရက်နေ့မှာ မိုးရောလေရော သည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလ အတွင်းလေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း  ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်” လို့ မိုး/ဇလဌာနက မေ(၁)ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။