#LocalNews
Published_1 May 2022

 

ပထမဆုံးအကြိမ်မြောက် သက်တိုင်းရင်းသား အမျိုးသားနေ့အခမ်းအနားကို ယနေ့ မေလ ၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာတွင်ကျင်းပခဲ့ကြောင်းသိရသည်။

 

သက် အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်အတွင်း ပျံ့နှံ့နေထိုင်ကြသည့်သက်တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရရှိရန်၊ သက်ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားများ ထိန်သိမ်းစောင်ရှောက်သွားရန်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက သိရသည်။

အဆိုပါ အခမ်းအနားသို့ သက်တိုင်းရင်းသားများအပါအဝင် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် မြို့တိုင်းရင်းသားများအပါအဝင် ခမီတိုင်းရင်းသားတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက် မျိုးနွယ်စုမှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်ပြီး ယင်းတို့အနေဖြင့် မောင်တောမြို့နယ်၊ မယူတောင်တန်းဒေသ၌ အများဆုံးနေထိုင်ကြကာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း စသည့်မြို့နယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြကြောင်း၊လက်ရှိတွင် ပြည်နယ်အတွင်း လူဦးရေစုစုပေါင်း ၆,၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group