Published 1 May 2022

မြန်မာနိုင်ငံရဲ့ နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ခရိုင်အသစ်(၄၆)ခရိုင်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ နစက ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဧပြီ(၃၀)ရက်က အမိန့်ကြေညာစာတွေထုတ်ပြန်ပါတယ်။

အဲသလိုအသစ်ဖွဲ့စည်းမှုကြောင့် ယခင် တစ်နိုင်ငံလုံးမှာ (၇၅)ခရိုင်ရှိခဲ့ရာက ယခုအခါ (၁၂၁) ခရိုင်ရှိပြီဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ယခုထက်ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းရတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အသစ်ထပ်မံတိုးချဲ့တဲ့ခရိုင်အသစ်တွေက နေပြည်တော်မှာ ခရိုင်(၂)ခု၊ကချင်မှာ ခရိုင်(၂)ခု၊ ကယားမှာ ခရိုင်(၂)ခု၊ ကရင်မှာ ခရိုင်(၂)ခု၊ ချင်းမှာ ခရိုင်(၂)ခု၊ စစ်ကိုင်းမှာ ခရိုင်(၂)ခု၊ တနင်္သာရီမှာ ခရိုင်(၁)ခု၊ပဲခူးမှာ ခရိုင်(၂)ခု၊ မကွေးမှာ ခရိုင်(၂)ခု၊ မန္တလေးမှာ ခရိုင်(၄)ခု၊ မွန်မှာ ခရိုင်(၂)ခု၊  ရခိုင်မှာ ခရိုင်(၂)ခု၊ ရန်ကုန်မှာ ခရိုင်(၁၀)ခု၊ ရှမ်းမှာ ခရိုင်(၉)ခု၊ ဧရာဝတီမှာ ခရိုင်(၂)ခု စုစုပေါင်း ခရိုင်အသစ်(၄၆)ခုဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ခရိုင်အသစ်တိုးချဲ့ဖွဲ့စည်းမှုအများဆုံးဖြစ်ပါတယ်။

ရန်ကုန်မှာ ဗိုလ်တထောင်ခရိင်၊ဒဂုံမြို့သစ်ခရိုင်၊ တွံတေးခရိုင်၊ကျောက်တံတားခရိုင်၊မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင်၊တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်ဟူ၍ ခရိုင်အသစ်(၁၀)ခုတိုးချဲ့ခဲ့တာဖြစ်ပါတယ်။