#LocalNews
Published_30 April 2022

 

မြောက်ဦးဘုရားများ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ရိုးရာပြိုင်လောင်းပွဲနှင့် ကျင်ကိုင်ပွဲများကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဂေါပကအဖွဲ့က သိရသည်။

ယခုကျင်းပမည့် ပွဲတော်မှာ ၉၄ ကြိမ်မြောက်မြောက်ဦးဘုရားများဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ပြီး မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ကြောင်း၊ မေလ ၁၃ ရက်မှမေလ ၁၆ ရက်ထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု ဘုရားဂေါပတာဝန်ရှိသူက ပြောသည်။

 

ပြိုင်လောင်း (လှေ)ပြိုင်ပွဲတွင် လက်တောင်အရှည် ၁၂ လံ အရှည်လှေ၊ ၈ လံ အရှည်လှေနှင့် ၆ လံ အရှည်လှေများဖြင့် အတန်း(၃) တန်းသတ်မှတ်ကာ ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာကျင်ပွဲတွင်လည်း ရခိုင်တစ်ပြည်နယ်လုံးမှ ကျင်သန်ကြီးများကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ရိုးရာပြိုင်လောင်းပွဲတွင် ၁၂ လံ လှေပြိုင်ပွဲ ပထမဆု ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံအရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်း၊၆ လံအရှည်ပြိုင်ပွဲတွင် ပထမဆု ၂၀ သိန်း၊ဒုတိယဆု ၁၈ သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး ရခိုင်ရိုးရာကျင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ် ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယ ဆု ၆ သိန်း ၊ စတုတ္ထဆု ၄ သိန်းစီ လည်းကောင်း၊ကျင်ပွဲအလတ်တန်းတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယ ဆု ၅ သိန်း ၊ စတုတ္ထဆု ၃ စီချီးမြှင့်မည်ဖြစ်ပြီး တတိယတန်းတွင် ပထမဆု ကျပ် ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယ ဆု ၄ သိန်းနှင့် စတုတ္ထဆု ၃ သိန်းစီသတ်မှတ်၍ လည်းကောင်း အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်အတွင်းတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ၊ပျော်ပွဲရွှင်ပွဲများတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သော်လည်း ယခင်နှစ်များက ပြုလုပ်သည့် ဘောလုံးပွဲကို ထည့်သွင်းကျင်းပမည်မဟုတ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group