#LocalNews
Published - 30 April 2022

 

ဒီကနေ့ ဧပြီ ၃၀ ရက်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မြို့နယ်အချို့တွင် သစ်ပင်ကြီးများ ပြိုလဲကျမှုဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်(၅)၊ ပြည်တော်သာ(၂)လမ်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှု ဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရတာပါ။

 

အလားတူ ဒီကနေ့ မနက်ပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ ပန်းတော်တင်ရပ်တွင် သစ်ပင်များလဲကျမှု ဖြစ်ပွားခဲ့သဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယနေ့ နေ့လည်ပိုင်းမှ စပြီး ရန်ကုန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာလည်း ဖြစ်ပါတယ်။

 

ဓါတ်ပုံ - MFSD

ymg/kg
#Yangon_Media_Group