#Local News
Published-30 April 2022

 

ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတိမ်တောင်များကြောင့်မိုးခြိမ်းခြင်း၊မိုးကြိုးပစ်ခြင်းနှင့် မိုးများရွာသွန်းခြင်းများဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊

 

ရာသီဥတုအရမ်းပူပြင်းပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတဲ့အတွက် လေပြင်းတိုက်တာ၊မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူအများ အထူးသတိပြုဖို့ လိုတယ်လို့သိရပါတယ်၊၊

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ်မှာ ရေကြီးတာတွေလည်း ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်၊၊

 

မေလ(၈)ရက်မတိုင်မီလည်း မုန်တိုင်းဖြစ်နိုင်ခြေရှိတယ်လို့လည်း မိုး/ဇလက ခန့်မှန်းထားတဲ့အတွက် သတိပြုနေထိုင်ကြရမှာဖြစ်ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group