#LocalNews
Published - 9 Apr 2022

 

ဧပြီလ ၉ ရက်နေ့ ယနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တွံတေးမြို့၊ တွံတေးတံတားအဆင်းတွင် ယာဉ် ၆ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

"ကမ်ဘဲ့လမ်းဆုံကတည်းက ကားတွေစပိတ်မိနေတာ နေ့လည် ၁၂ နာရီတည်းက ခုချိန်ထိတံတားပေါ် ကားမရောက်သေးဘူး"လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် တွံတေးတံတားအနီးဝန်ကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေတယ်လို့သိရပြီး မအူပင်မြို့သို့ သွားရာလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိပါတယ်။သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်ကြောင့် နေရပ်ပြန်သူတွေ များပြားနေပြီး အဝေးပြေးလမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။

 

ymg/hm
#Yangon_Media_Group