#LocalNews
Published - 9 Apr 2022

 

ထီးခီး ထားဝယ် မေတ္တာလမ်းပိုင်းပစ်ခတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရေနံဓာတ်ငွေ့ရည်(LPGas)တင်ယာဉ်များ ပြန်လည်ဆွဲယူခဲ့တယ်လို့ သြရကုမ္ပဏီက ထုတ်ပြန်ပါတယ်။

 

"ကျူးလွန်လိုက်တဲ့သူကတော့ ဘယ်လိုစိတ်နဲ့လုပ်လိုက်တယ်မသိပေမဲ့ တခြားတဘက်မှာတော့ ပစ္စည်းကိရိယာမစုံမလင်နဲ့ လုံခြုံမှုမရှိတဲ့နေရာမှာ မဖြစ်ဖြစ်အောင်ဆယ်ယူရတာ အရမ်းကို ခက်ခဲပင်ပန်းလွန်းလှပါတယ် ထမင်းဟင်းချက်တဲ့ ဂက်စ်သယ်ယူရတဲ့လမ်းကြောင်းလည်း အရမ်းခက်ခဲလာပြီဆိုတာ ပြောပြစရာမလိုတော့ပါဘူး နောက်ဆုံးမှာတော့ ဒုက္ခပေါ်ဒုက္ခဆင့် အခက်အခဲဖြစ်ကြရတာတို့ ပြည်သူတွေပါပဲ တို့အားလုံးရဲ့ အတိတ်က အကုသိုလ်အကျိုးဆက်တွေများ ဖြစ်နေမလား "ဟု သြရကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

 

ထီးခီး မေတ္တာ ထားဝယ်လမ်းကြောင်းက စယ်ဒေါ့်ထူးကုမ္ပဏီမှ တင်သွင်းပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်များအတွင်း အများပြည်သူအသုံးပြုရန်အတွက် ထမင်းချက်သည့်ဂက်စ်များတင်ဆောင်လာသည့် AwRa ကုမ္ပဏီပိုင် ဂက်စ်သယ်ယာဉ် ၂စီး ထားဝယ်မြို့အနီး ၂၀၂၂ ခုနှစ် ၄ လပိုင်း ၁ ရက်နေ့က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရပါတယ်။

 

LP Gas ရေနံဓာတ်ငွေရည် ယာဉ်နှစ်စီးအား လက်နက်ကိုင်များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ယာဉ်၏ အရှေ့ပိုင်းများမှာ မီးလောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသူများမှာတော့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group